Part (26)

241 3 0
                                    

"Bad Liar"

အပိုင်း (၂၆)

"ကြည့်စမ်းပါဦးရှင်။ သတို့သမီးအရံက ဒီလို ပုဝါလေးပါခြုံပြီး သ‌တို့သမီးထက် လှအောင် ဝတ်စားထားတာ"

"ဟယ် ဟုတ်ပ။ ဘယ်လို ဖြစ်တာလဲနော်"

"သူက ဟို ကိုမင်းရိုးရာနဲ့ ဗီဒီယိုဖိုင်ထဲက တစ်ယောက် မဟုတ်လား"

"အမရေ ပြောပါဦး။ ဒီလို ဝတ်စားလာရခြင်းအကြောင်းကို"

မီဒီယာ၏ တစ်ယောက်တစ်ပေါက် မေးမြန်းရိုက်ကူးသံတွေကြားတွင် တောင်းဆု ထွက်ပြေးချင်စိတ်ပင် ပေါက်လာပြီ။ ကိုယ့်အစီအစဥ်ထဲမှာတော့ မီဒီယာတွေ အများကြီးရဲ့ရှေ့မှာ အရှက်တကွဲ အကျိုးနဲနှင့် အင်တာဗျူး ဖြေနေသူသည် ဇွန်ပွင့်ဖြူသာ ဖြစ်၏။ အခု တကယ်တမ်းတွင်ကျ...။

"ကျွန်မ ဒါတွေအားလုံးကို ဘာမှ မသိပါဘူး။ ဒီက ညီမလေးတွေ ဆင်ထားတဲ့အတိုင်းပဲ ဝတ်ဆင်မိတာပါ"

"ဘာရယ်။ နင်မို့ အရှက်မရှိ ပြောရဲတယ်နော် တောင်းဆုပြည့်။ နင်က ငါနဲ့ မောင့်ရဲ့ မင်္ဂလာပွဲကို ဖျက်ချင်နေတယ်ဆိုတာ တစ်လောကလုံး သိတယ်။ ဘာလို့ မိပ်ကပ် Team ကို ရိုးချနေတာလဲ။ ဘာလဲ သူတို့ကိုပါ ဘဝ ပျက်သွားစေချင်လို့လား"

ဇွန်ပွင့်ဖြူ၏ စွပ်စွဲချက်တွေက ပြင်းထန်လွန်းလှပြီ။ သို့သော် မိပ်ကပ်တင်းကိုတော့ သူမ နာမည်ပျက်သွားအောင် လုပ်လို့ မဖြစ်။ ကိုယ့်ကြောင့် တစ်စုံတစ်ဦး‌ နစ်နာသွားတာမျိုးကို တောင်းဆု မဖြစ်စေလို။

"ကဲ ပြောလေ။ နင် ဘာဖြေရှင်းချက် ပေးဦးမလဲ"

"ဒါတွေကို ငါ မသိဘူးလို့ ပြောပြီးပြီလေ။ သတို့သမီးအရံက ဘယ်လို ဝတ်စားရမယ်ဆိုတာမျိုးကိုလည်း ငါ မသိဘူး။ ငါလည်း မင်္ဂလာ‌ဆောင်ဖူးနေတာမှ မဟုတ်တာ"

"တော်စမ်း။ အပြစ်ကို မသိလို့ပါဆိုတဲ့စကားနဲ့ ဒီလို ဖုံးကွယ်လို့ ဖြစ်မလား။ ဒါ လူကြီးတွေနဲ့ အလုပ်လုပ်နေတာ"

ဇွန်ပွင့်ဖြူနှင့် ပြောလို့မှ မပြီးသေး။ ဒေါ်နေရီနှင့် နှစ်ဖက် လူကြီးတွေ ရောက်လာတော့ အခြေအနေက ပိုပြီး ရှုပ်ထွေးကုန်သည်။ ဒယ်ဒီ့ကို လှမ်းကြည့်မိတော့ မျက်လွှာလေးချကာ နေ၏။ တောင်းဆု ဒယ်ဒီ့ကို အရှက်ကွဲအောင် လုပ်မိပြန်ပြီ။

"Bad Liar" (Completed)Where stories live. Discover now