Part (14)

226 2 0
                                    

"Bad Liar"

အပိုင်း (၁၄)

လေသည် ညနက်လာသည်နှင့် ပို၍ လွတ်လပ်သွားသည့်နှယ် မြူးမြူးကြွကြွ တိုက်ခတ်ကျီစယ်လာ၏။ ဖွင့်လှပ်ထားသည့် အခန်းပြတင်းရွက်များမှတစ်ဆင့် အလုအယက် တိုးဝင်နေကြသည့် လေနုအေးများသည် ရိုးရာကို ပို၍ လတ်ဆတ်လန်းဆန်းသွားစေကာ အိပ်ချင်စိတ်ကို အဝေးဆုံးသို့ လွင့်စင်သွားစေသသည်။

"ဇွန်ပွင့်ဖြူ"

သူမ၏ နှုတ်မှ ရိုးရာ အကြိမ်ကြိမ် ကြားခဲ့ရသည့် နာမည်လေး ဖြစ်သည်။ ဒီနာမည်‌လေးကို ထုတ်ပြောရတိုင်းမှာ သူမ၏ နာကျင်မုန်းတီးမှုကို အထင်းသား မြင်နေရ၏။ ဇွန်ပွင့်ဖြူနှင့် သူမကြားမှာ ကြီးမားသည့် အဖြစ်အပျက်တစ်ခု ရှိခဲ့မည်မှာ သေချာသည်။

"သူ့ကို အလုပ်ထွက်ခွင့်ပြုလိုက်လို့ မဖြစ်ဘူးနော်။ သားကို ဒီတစ်ခုတော့ ဒယ်ဒီတို့ဘက်က ကူညီပေးပါ"

ဒယ်ဒီကို ခေါင်းကိုသာ အခါခါ ညိတ်ပြသည်။ ဒါသည်ပင် ဒယ်ဒီ့စိတ်ထဲ နားမလည်နိုင်ဘဲ ဖြစ်နေသည်ကို ပြသနေခြင်းဖြစ်ကြောင်းကို ရိုးရာ သိ၏။

"သား အကူအညီတောင်းတာ မဟုတ်ရင်တောင် မာမီတို့က‌ ကောင်မလေးကို အလုပ်ထွက်ခွင့်ပြုမှာ မဟုတ်ဘူး သား။ ဘာလို့လဲဆိုတော့ မင့်ဒယ်ဒီနဲ့ မာမီက ကောင်မ‌လေးရဲ့ အရည်အချင်းကို အများကြီး သိထားလို့ပဲ"

ရိုးရာ ဒီကိစ္စကို စိတ်ချပါသည်။ ဒယ်ဒီနှင့်မာမီက ကောင်မလေး၏ အရည်အချင်းကို သ‌ဘောကျ၏။ ထို့အပြင် အလုပ်နှင့် ပတ်သက်သည့် စာချုပ်တွေကလည်း ဒယ်ဒီနှင့် သူမကြားမှာ ရှိပြီးသား ဖြစ်သည်။ ဒီလိုအလုပ်မျိုးကို လွယ်လွယ်ကူကူနှင့် ဝင်လိုက်ထွက်လိုက်လုပ်လို့ မဖြစ်။ ဒီ့အတွက် ကုမ္ပဏီက သူမကို ရဖို့ လွယ်သည်။ မလွယ်တာက ရိုးရာ သူမကို အပိုင်ရဖို့ ဖြစ်၏။

သူမက ရိုးရာကို ပစ်ပစ်ခါခါ မုန်းနေသည်။ မုန်းသည်ထက်မုန်းအောင်လည်း ရိုးရာကိုယ်တိုင်ကပင် လုပ်နေမိ၏။ သူမကိုတွေ့တိုင်း ရယူချင်သည်။ ထွက်ပြေး၍ မရနိုင်အောင် တားဆီးချင်စိတ်ကြောင့်ဖြစ်မည် ထင်၏။
ရိုးရာ သူမကို အနိုင်ယူထားမှ ဖြစ်မည်။ သူမကို အပိုင်ဆွဲထားနိုင်မည့်နည်းမှာ သူမ၏ အရှက်ကို အရယူခြင်းပင် ဖြစ်လိမ့်မည်။

"Bad Liar" (Completed)Where stories live. Discover now