Part (16)

216 3 0
                                    

"Bad Liar"

အပိုင်း (၁၆)

"မင်း ပြန်လိုက်တာ ကောင်းမယ်နော် ရိုး။ မင်း အရမ်းမူးနေပြီကွ"

"မပြန်ဘူး။ ငါ သူ့ဆီ သွားမှာ"

"မနက်မှ သွားပါလား ရိုးရာ။ မဟုတ်လည်း မင်း မိုးလင်းရင် သူနဲ့ တွေ့ရမှာပါဟာ"

"တော်ကွာ။ မင်းတို့ ပြန်တော့။ ငါ သူ့ဆီ မဖြစ် ဖြစ်အောင် သွားမှာ"

"ရိုး မင်း သူ့ဆီသွားပြီး ဘာလုပ်မလို့လဲ။ ပြဿနာတော့ မရှာနဲ့နော် ရိုး။ ပြီးရင် မင်းပဲ လွမ်းနာကျကျန်ရစ်ဦးမှာ"

"မရှာဘူးကွာ ‌အေ့။ သွားပြီ ဘော်ဒါတို့ရာ။ ဘိုင်း..."

ဇာနည်၊ နေဇော်နှင့် သွေးသစ်တို့သည် ဒယီးဒယိုင်ဖြင့် လက်ကလေးပြကာ နှုတ်ဆက်ရင်း ကားပေါ်တက်သွားသည့် မင်းရိုးရာကိုကြည့်ပြီး အချင်းချင်း မေးငေါ့ကာ ကျန်ရစ်နေခဲ့ကြသည်။

"ဒီကောင် တော်တော် မူးနေပြီ"

"ထားလိုက်ပါကွာ။ ဟိုကောင်မ‌လေးဆီ သွားလည်း ဘာမှတော့ ဖြစ်စရာ မရှိဘူးဟာ။ ဖြစ်စရာရှိတာကလည်း ဖြစ်ပြီးသားမလား"

"ဖြစ်စရာရှိတာက ဖြစ်ပြီးသားဆိုပေမဲ့ ဟိုကောင်မလေးက သူ့ကိုကြောက်ပြီး ထွက်ပြေးသွားရင် ဒီကောင်က ငါတို့ဆီ လာငိုဦးမှာကွ"

"အဲ့လောက်လည်း မဆိုးသေးပါဘူးကွ။ ဒီကောင်က ကလေးကြောင့်ပါ"

"ချီးကို ကလေးကြောင့်..."

"ဟား ဟား ဟား ကလေးကြောင့်ပါကွာ ကလေးကြောင့်"

ကျစ်ရစ်သူ သူငယ်ချင်းတစ်စုသည် စကားလုံး၏ အဓိပ္ပာယ်ကို ကိုယ်စီ နားလည်မှုဖြင့် တသောသော ရယ်မောရင်း တစ်ယောက်ကိုတစ်ယောက် ဖေးမကူလို့ ယိုင်ထိုးစွာဖြင့် ပခုံးဖက်ပြီး လမ်းမပေါ် တက်ခဲ့ကြသည်။

🌻🌻🌻🌸🌸🌸

ရိုးရာ အိမ်ယာဘက်ကို ရောက်တာ့ အချိန်က ည ဆယ်နာရီ စွန်းနေပြီ။ အတော်လေး မူးနေသော်လည်း ရောက်ချင်ဇောနှင့် ကားကို အရှိန်မြန်မြန် မောင်းဖြစ်ခဲ့၏။ အိမ်ယာရှေ့မှာ ကားကိုရပ်ပြီးနောက် ပစ်လှဲချင်နေသော ကိုယ်ခန္ဓာကို ကိုယ့်စိတ်ဖြင့်သာ ပြန်ထိန်းရင်း ဓာတ်လှေကားမှတစ်ဆင့် သူမရှိရာအထပ်သို့ တက်လာခဲ့လိုက်သည်။

"Bad Liar" (Completed)Where stories live. Discover now