Part (19)

202 3 0
                                    

"Bad Liar"

အပိုင်း (၁၉)

"သူနဲ့ မာမီ့လူကို ပေးတွေ့လို့ ဖြစ်ပါ့မလား"

ဇွန်ပွင့်ဖြူ စိုးရိမ်နေမိသည်။ မောင်သည် မတောင်းဆုပြည့်နှင့် အိပ်ယာထဲက ပုံတွေထွက်ခဲ့သည့်သူ ဖြစ်ကြောင်းကိုသာ မာမီ့လူ သိသားရင် သေချာပေါက် စိတ်ဆိုးဒေါသထွက်နေလိမ့်မည်။ သို့သော် အဲဒီပုံတွေကို ဇွန်ပွင့်ဖြူ ထုတ်ခဲ့တုန်းကတော့ ကောင်လေးမျက်နှာကို ဖုံးထားခဲ့ခြင်း ဖြစ်၏။ ဒီ့အတွက်တော့ မာမီ့လူက မာမီပြောသလို မောင်က မတောင်းဆုပြည့်ရဲ့ ဓာတ်ပုံထဲကလူဆိုတာက သိချင်မှ သိပေလိမ့်မည်။

"စိတ်ပူမနေနဲ့ သူ မသိပါဘူး။ သူသာ သိရင် မောင်မင်းရိုးရာရဲ့ သတင်းတွေကို ဆိုရှယ်မီဒီယာမှာ တွေ့ကတည်းက ဓာတ်ပုံထဲကလူဆိုပြီး ပြောရောပေါ့။ သူ ဘာမှမပြောဘဲ ဒီအတိုင်းတောင် ချီးကျူးနေလိုက်သေးတာ"

"အွန်း မာမီပြောတာလည်း ဖြစ်နိုင်တာပဲ။ ယုတ္တိရှိတယ်။ ဒါဆို သမီး မောင့်ကို ဒယ်ဒီနဲ့‌ တွေ့ပေးလိုက်တော့မယ်နော် မာမီ"

"မြန်လေကောင်းလေပဲ"

"စိတ်ချပါ။ မာမီ့သမီးပါနော်"

ဇွန်ပွင့်ဖြူသည် မိခင်ဖြစ်သူ ဒေါ်နေရီကို မျက်လုံးလေးတစ်ဖက် မှိတ်ပြရင်း ယုံကြည်မှုတွေ ပြည့်လျှံနေသည့် မျက်ဝန်းဖြင့် ချစ်စဖွယ် ဆို၏။

"သူက ငါ့ကို မေးတယ် ဟုတ်လား စည်သူ"

"ဟုတ်တယ် ကိုမင်းရိုး ။ သူက ကိုမင်းရိုး ဘယ်တော့အလုပ် ပြန်လာမလဲဆိုပြီး မေးနေတာ"

"နောက်ထပ်ရော ဘာပြောသေးလဲ"

"ဘာမှတော့ ထပ်မပြောဘူးပေါ့။ ဒါပေမဲ့ သူ့ကို ကြည့်ရတာတော့ ကိုမင်းရိုးကို မျှော်နေပုံပဲ။ ကိုမင်းရိုးရဲ့ စားပွဲကို အလုပ် လုပ်နေရင်း ခနခန ငဲ့ကြည့်တာကိုလည်း ကျွန်တော် တွေ့တယ်။ သူ့မှာ ကိုမင်းရိုးကို ပြောစရာ ထွေထွေထူးထူး ရှိနေပုံပဲ"

ကိုစည်သူ့ကို မင်းရိုးရဲ့လက်ထောက်အဖြစ် ခန့်ထားသော်လည်း သူတို့နှစ်ယောက်ကြားမှာ ပါဆင်နယ်တွေ မပြောဖြစ်ကြသလို အလုပ်ခန့်ထားတာ မကြာသေး၍လည်း နှစ်ဦးကြားမှာ မသိတာတွေ များနေသေးသည်။ အထူးသဖြင့်တော့ မင်းရိုးနှင့် တောင်းဆုပြည့်တို့ ပတ်သက်နေသည့်အကြောင်းကို ကိုစည်သူက နည်းနည်းမှ မသိ။

"Bad Liar" (Completed)Where stories live. Discover now