Part (23)

204 3 0
                                    

"Bad Liar"

အပိုင်း (၂၄)

"ဟော မမ ရောက်နေတာလား။ ဇွန်ပွင့်နဲ့ ‌မောင်က မင်္ဂလာဆောင်အတွက် ဝတ်စုံဒီဇိုင်းတွေ ကြည့်နေတာ။ မမ ရောက်လာတာနဲ့ အတော်ပဲ"

ဒယ်ဒီနှင့် တောင်းဆုတို့ ဧည့်ခန်းမှာထိုင်ပြီး စကားပြောနေကြစဥ် ဇွန်ပွင့်ဖြူတို့ ရောက်ချလာပြီး ထူးထူးဆန်းဆန်းပင် ချိုသာလွန်းသည့် အသံအကြည့်တို့နှင့် နှုတ်ခွန်းဆက်စကားကို ဖော်ဖော်ရွေရွေ ဆိုလိုက်တာမို့ တောင်းဆုလည်း ရုတ်တရင် အံ့ဩမှင်သက်သွားရသ်။ ဒယ်ဒီက‌တော့ သူ့မယားပါသမီးက တောင်းဆုအပေါ် ဒီလို နွေးနွေးထွေးထွေး ရှိတာကို သဘောကျသူပီပီ ပြုံးနေ၏။ တောင်းဆုကတော့ ဒီကောင်မ၏ မာယာများပုံကို သိထားသိမို့ ကိုယ်ကို မတ်လိုက်ပြီး မချိပြုံးကလေးသာ ပြုံးပြလိုက်မိသည်။ ဇွန်ပွင့်ဖြူရဲ့ဘေးမှာ ရပ်နေသည့် လူယုတ်မာကတော့ အခုတော့လည်း တောင်းဆုတို့ဟာ တစ်ခါမှ မသိခဲ့ကြသူလို တစ်ခွန်းတစ်ပါဒမှကို စကားမဆို။ မဆို၍လည်း တော်ပါသေးသည်။ သူသာ တောင်းဆုကို သိသလို၊ ရင်းနှီးသလို ကပ်ပြနေလျင် ပြဿနာတွေက ပိုရှုပ်သွားနိုင်၏။ ‌တောင်းဆု၏ အကြံအစည်တွေလည်း နှောင့်နှေးသွားနိုင်သည်။

"ဒယ်ဒီ"

ဇွန်ပွင့်ဖြူက တောင်းဆုကိုကျော်ပြီး ဒယ်ဒီနှင့် တောင်းဆုကြားမှာ လွတ်နေသည့် ဆိုဖာပေါ်သို့ ကလေးတစ်ယောက်လို တိုးဝင်ထိုင်ကာ ဒယ်ဒီ့လက်ကလေးကိုကိုင်ပြီး ချွဲချွဲနွဲ့နွဲ့ ‌ဆို၏။ သူ့သတို့သားလောင်းလေးကတော့ တောင်းဆုနှင့် မျက်ချင်းဆိုင်ဖက်မှာ သက်တောင့်သက်သာထိုင်ရင်း သတို့သမီးလောင်းလေးကို အပြုံးတဖြီးဖြီးနှင့် ကြည့်နေသည်။

"အေးပေါ့။ သူ့ကောင်မက ချစ်စရာကြီးကို ဟွန့်"

တောင်းဆု စိတ်ထဲမှာသာ ကြိတ်တွေးလိုက်မိသော်လည်း နှုတ်ခမ်းလေးကိုတော့ အပြင်မှာပါ မဲ့ရွဲ့လိုက်မိသည်ကို ကိုယ့်ဘာသာ သတိထားမိတော့ မလုံမလဲနှင့် သတိထားလိုက်ရ၏။

"မမကို သတို့သမီးအရံ လုပ်ပေးဖို့ ပြောပေး"

ကြားလိုက်ရသည့်စကားကြောင့် တောင်းဆုပြည့် အသိနှင့် သတိတွေအားလုံး ဇွန်ပွင့်ဖြူဆီ ပြန်ရောက်လာသည်။

"Bad Liar" (Completed)Where stories live. Discover now