Part (18)

206 3 0
                                    

"Bad Liar"

အပိုင်း (၁၈)

သူ ရုံးမတက်သည်မှာ သုံးရက်ရှိပြီ။ အလုပ်ကိစ္စတွေအားလုံးကို သူ့လက်ထောက်ဆီကနေတစ်ဆင့်သာ တောင်းဆု တင်ပြပြောဆိုနေရ၏။ ဘော့စ်ကတော့ သူ တစ်ဖက်မှာ အလုပ်ကိစ္စတွေ များနေ၍ ကုမ္ပဏီဘက်ကို သူ့လက်ထောက်နှင့် ရက်ပိုင်းလောက် လွှဲအပ်ထားလိမ့်မည်ဟု ထင်ကြေးပေးသလို ပြောသည်။ နောက်ပြီး သူ့အလုပ်ကိစ္စတွေအတွက် တောင်းဆုကို စိတ်ချလက်ချ အပ်ထားခဲ့ကြောင်းလည်း မှာလိုက်သေးသည်ဟု ဘောစ့်က ဆို၏။

တောင်းဆု ယုံချင်ပါသည်။ သို့သော် ယုံနိုင်စရာ မရှိ။ သူ တောင်းဆုကို ရှောင်နေတာ သေချာသည်။ ထိုညက ကိစ္စအတွက် သူ တောင်းဆုနှင့် မျက်နှာချင်းမဆိုင်ရဲသည်ကို ‌တောင်းဆု နားလည်၏။ တောင်းဆုကသာ မိန်းကလေးတန်မဲ့...။

‌တောင်းဆု သူ့ကို မုန်းသည်။ သူက အမြဲတမ်းလိုလို တောင်းဆုကို နိုင်ထက်စီးနင်း ဆက်ဆံ၏။ တောင်းဆုကို အတင်းအကြပ်ချုပ်ပြီး နမ်းမည်။ ပြီးတိုင်းမှာ တောင်းဆုကို လျစ်လျူရှု၏။

သူ ရုံးမလာတော့လည်း ကောင်းပါသည်။ မမြင်ချင်သည့် မျက်နှာကို မြင်ရစရာမရှိ။ စကားမပြောချင်သည်သူနှင့်လည်း ဟန်လုပ်ပြီး မသိသလို ပြောဆိုလုပ်ကိုင်နေရခြင်းတွေနှင့် စိတ်ဖိစီးရခြင်းက ကင်းလွတ်မည်။ သူ့ဘေးမှာထိုင်ပြီး အလုပ်လုပ်ရခြင်းအတွက် စိတ်ကျည်းကြပ်ခြင်းမှလည်း အလိုလို လွတ်မြောက်သွားမည် ဖြစ်၏။ လုပ်ငန်းခွင်သည် အရင်တုန်းကလို ဘိုနေမြဲ ကြားနေမြဲဖြင့် ပြန်ပြီး ပျော်စရာ ကောင်းလာပေလိမ့်မည်။

ဒါက တောင်းဆု ထင်ခဲ့တာတွေ ဖြစ်၏။

တကယ်တမ်းကျ တောင်းဆု သူ့စားပွဲကို ခနခန ကြည့်နေမိသည်။ တင်ပြစရာတွေကို သူ့လက်ထောက်နှင့် ချိတ်ဆက်လုပ်ကိုင်ရတိုင်းမှာလည်း တစ်ခုခုကို အလိုမကျသလို ဖြစ်နေ၏။ သူက ရုံးမလာဘဲ တောင်းဆုတစ်ယောက်တည်း အလုပ်တက်နေရခြင်းအတွက်လည်း စိတ်ထဲမှာ မကျေမနပ် ဖြစ်နေမိသည်။ ပီအေခန့်ထားပြီး စီအီးအို မရှိခြင်းသည် အခွံချည်းဖြစ်နေသလို ခံစားရ၍လည်း စိတ်တို၏။ သူသာ ဒီအလုပ်ကို အာရုံစိုက်ပြီး မလုပ်နိုင်ဘူးဆိုလျင် တောင်းဆုကို ဘာကြောင့် သူ့ပီအေအဖြစ် ခန့်ထားရသေးသနည်း။ အခုတော့ တောင်းဆုမှာ ပိုင်ရှင်မဲ့ ပီအေလေး ဖြစ်နေရပြီ။

"Bad Liar" (Completed)Where stories live. Discover now