Part (6)

251 5 0
                                    

"Bad Liar"

အပိုင်း(၆)

"ဂျူးတို့ လမ်းခွဲကြမယ် ဟုတ်လား ကို။ ဂျူး ဂျူး ဘာအမှားများ လုပ်မိလို့လဲ ကိုရဲ့ ဟင်း ဂျူး ဂျူး ဘာအမှားလုပ်မိတာလဲ။ဂျူး ဂျူးကို ပြောပါ ကိုရဲ့ နော်။ ဂျူး ဂျူး ပြင်ပါ့မယ်"

"ကို့မှာ ချစ်ရမယ့်သူ ရှိနေပြီ ဂျူး။ အဲဒါ ကို သူ့ကို မနာကျင်စေချင်ဘူး"

ဂျူးမှာ ရင်တွေလည်း နာရပါသည်။ နှလုံးသားတစ်ခုလုံး မွကြေပျက်စီးသွားသလို ငိုကြွေးနေသည့် ဂျူးအတွက် ရိုးရာမှာ နည်းနည်း‌လေးမှ ခံစားချက်မရှိတာကို ဂျူး အသိသိနှင့်ပင် လက်မခံနိုင် ဖြစ်ရသေး၏။ အခုလို အခြေအနေမှာတောင် ရိုးရာသည် တစ်ခြားမိန်းမတစ်ယောက်ကို ဂျူးရှေ့မှာ တန်ဖိုးထားမြတ်နိုးပြနေခြင်းအတွက် ဂျူးမှာ သိမ်ငယ်ရပြန်သည်။

ဂျူးသည် ရည်းစားများခဲ့ခြင်းအတွက် မိန်းမကောင်းတစ်ယောက် မဖြစ်ခဲ့ချင် နေလိမ့်မည်။ သို့သော် ဂျူးသည် မင်းရိုးရာကိုသာ ဘဝတစ်ခုလုံး ပုံပေးဖို့အထိ ဆုံးဖြတ်ပြီး ချစ်ခဲ့ဖူး၏။ ဂျူးမှာ ရည်းစားတွေ များခဲ့သည်။ ဂျူးသည် ပတ်ဝန်းကျင်ကို လစ်လျူရှုကာ တစ်ယောက်ပြီးတစ်ယောက်နှင့် တွဲသွားတွဲလာ လုပ်ခဲ့တာ မှန်၏။ ထို့ကြောင့်လည်း ဂျူးက ယောက်ျားတွေနှင့် ပတ်သက်လျင် တစ်ခြားမိန်းမတွေထက် ပိုပါးနပ်သည်။ ဂျူး တွဲခဲ့သမျှ အရင်ရည်းစားတွေအားလုံးသည် ဂျူးအအတွက် အဖော်ရချင်ရုံသာ ဖြစ်၏။ ဂျူး အထီးကျန်ခြင်းကို မုန်းသည်။ ဂျူး တစ်ယောက်တည်း ဖြစ်နေမှာကို ကြောက်၏။ တစ်ယောက်တည်း ဖြစ်နေသည့်အခါ ဂျူးကို အတွေးတွေက ခြောက်သည်။ ဂျူးသည် ဘေးမှာ တစ်ယောက်ယောက် ရှိနေမှ အဆင်ပြေပြေ နေလို့ရ၏။ ဂျူးကို မေတ္တာပေးမယ့် မိဘတွေ မရှိ။ သူငယ်ချင်းတွေကလည်း ဂျူးကို လိုမှ ပေါင်းကြသည်။ ဂျူးအတွက်‌တော့ သူမကို အပိုစကားတွေနဲ့ သားရေတမြားမြား ဂရုစိုက်မယ့်သူသည် တနှာများသည် ယောက်ကျားတွေသာ ရှိခဲ့သည်။ ထို့ကြောင့်လည်း ဂျူးမှာ ရည်းစားတွေ များခဲ့၏။

🌿🌿🌿🌿🌿

"ဂျလေဘီလိုလို လမ်းသရဲလိုလို ဆံပင်ကေတွေနဲ့ တက်တူးတွေကို တစ်ကိုယ်လုံးအပြည့် ထိုးထားမှ နင်က ကြောက်စရာကောင်းတယ် ထင်လို့လား။ ဒီမှာ ငါ ပြောပြမယ်။ လောကမှာလေ မင်းရိုးရာလိုမျိုး သန့်သန့်ပြန့်ပြန့် တည်တည်ကြည်ကြည်နဲ့ လှည့်စားတတ်တဲ့ ကောင်တွေက ကြောက်စရာအကောင်းဆုံးပဲ။ သူတို့လို လူမျိုးတွေကြောင့် ဘဝပျက်ခဲ့ရတဲ့ မိန်းမတွေက ဂျလေဘီဆန်ဆန် ဆိုးမိုက်နေတဲ့ ကောင်တွေကြောင့် ဘဝပျက်ခဲ့ရတဲ့ မိန်းမတွေထက် အသာကြီး ပိုများတယ်"

"Bad Liar" (Completed)Where stories live. Discover now