Part (25)

224 3 0
                                    

"Bad Liar"

အပိုင်း (၂၅)

"မမက အသားအရေ သိပ်လှတာပဲ။ မိပ်ကပ်ပြင်ရတာ ညက်လိုက်တာ"

"ဟုတ်ပ ထက်ရေ။ အရမ်းလှတာပဲ"

မိပ်ကပ်ဆရာတွေက တောင်းဆုကို မိပ်ကပ်ပြင်‌ပေးရင်း တစ်ယောက်တစ်ပေါက် ပြောနေကြခြင်း ဖြစ်သည်။ သတို့သမီးအရံတွေကိုပင် မိပ်ကပ်ဆရာကိုယ်စီနှင့် သီးခြားစီ မိပ်ကပ် ပြင်ပေးနေပုံထောက်တော့ ချမ်းသာကြွယ်ဝလွန်းသူတွေပီပီ ငွေကို ပေါပေါများများ သုံးထားပုံရသည်။

"အေးလေ။ ဒီလောက် ချမ်းသာကြတာ"

တောင်းဆု စိတ်ထဲကနေ တွေးလိုက်မိဖြင်း ဖြစ်၏။ ဒီနေ့ပွဲအတွက် သတို့သမီးအရံအဖြစ်ကို မခံချင်စိတ်ဖြင့်သာ လက်ခံလိုက်ရသော်လည်း တောင်းဆု နည်းနည်းမှ စိတ်ဝင်စားခြင်း မရှိခဲ့။ ဝတ်စုံအတွက် ကိုယ်တိုင်းယူဖို့ကိုလည်း မင်းရိုးရာက သူမအဆောင်ထိ သူတို့ကိုယ်တိုင်လာပြီး တိုင်းထွာသွားခဲ့ကြသည်။ ဝတ်စုံက ဘယ်လိုအရောင်ဖြစ်သည်၊ ဘယ်လိုပုံစံ ချုပ်ထားပေးသည်ကိုပင် သူမ မသိ။ ရင်ခုန်စရာကောင်းစွာ စောင့်စားခဲ့ရသည့်ပွဲမို့ သူမအတွက် ဝတ်စုံတွေ၊ ဘာတွေက အရေးကြီးမနေဟု ယူဆပါသည်။

ဒီနေ့အတွက် သူမက သတို့သမီးထက်ပင် ပို၍ ရင်ခုန်ပါသေးသည်။ အားလုံးထက်လည်း ပိုပြီး စိတ်လှုပ်ရှား၏။ ဒီနေ့သည် သူမအတွက် ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင် ပစ်ရမယ့်နေ့မို့ စက္ကန့်တိုင်းကို ရင်တစ်ထိတ်ထိတ်နှင့် စောင့်စားရ၏။

" မီဒီယာတိုက်တစ်ခုကို တောင်းဆု ဆက်သွယ်ထားပြီးသား။ မင်္ဂလာရက်ရဲ့ မနက်ပိုင်းလောက်မှ ဒီသတင်းကို ပေးလိုက်ရင် ရပြီ။ တောင်းဆုတို့မှာ သက်သေလည်း ရထားပြီးသားပဲလေ။ သူ ငြင်းမယ်လို့တော့ တောင်းဆု မထင်ဘူး။ သေချာပါတယ်။ ဒီသတင်းဟာ တစ်နိုင်ငံလုံးကို တမုဟုတ်ချင်း ပျံ့နှံ့သွားမှာပဲ။ တစ်ဖက်မှာ သူတို့ မင်္ဂလာဆောင်ကလည်း ရှိသေးတယ် မဟုတ်လား"

အစကတော့ အစီအစဥ်တွေတိုင်းကို တောင်းဆု ဘာသာ လုပ်ဆောင်ဖို့ တွေးထားသော်လည်း သတို့သမီးအရံအဖြစ် ကမ်းလှမ်းခံလိုက်ရ၍ တောင်းဆု ကိုပြည့်စုံကိုသာ အကူအညီ တောင်းလိုက်ရသည်။

"Bad Liar" (Completed)Where stories live. Discover now