Chapter.1

7.1K 124 5
                                    

Unicode

More than just a fantasy

Chapter.1

''နင်ရပ်စမ်းလုံးလုံး! မပြေးနဲ့!''

''မြေးလေး ပြန်လာခဲ့''

နောက်ပါးဆီမှအသံတွေကိုလျစ်လျူရှုပြီးသူမပြေးမိပြေးရာပြေးနေမိသည်။

''လုံးလုံး နင့်ကိုအခုရပ်လို့ပြောနေတယ်လေ''

ပြေးရမယ်...သူမ,လွတ်အောင်ပြေးရမယ်။

ဒါမှသူမ​ဗိုက်ထဲကကလေးကအသက်ရှင်နိုင်မှာ။
ရက်စက်တဲ့သူကရက်စက်သွားပေမယ့်လည်းသူမကတော့ကိုယ့်ကလေးကိုအကောင်းဆုံးမွေးဖွားရမည်။

အသက်17နှစ်အရွယ်လူကြောက်တတ်တဲ့သူမက အခုကိုယ့်ရင်သွေးအတွက်သတ္တိတွေအပြည့်ရှိနေခဲ့ပြီပင်။

နောက်ပါးဆီမှအသံတွေမကြားရတော့သလိုဘယ်သူ့ကိုမှလည်းမတွေ့ရတော့တာမို့သူမအန္တရာယ်ကင်းသွားပြီဆိုတာသိလိုက်သည်။

သို့သော်...

''ကျွီ''

''အမလေး!''

''ဟာ သွားပြီ''

''တိုက်မိသွားပြီထင်တယ်ယောကျ်ားရဲ့''

လုံးလုံး,လဲကျနေရာမှမျက်လုံးကိုအသာဖွင့်ကြည့်တော့ ကားမီးစူးစူးရှေ့ကနေပြီးခြေထောက်နှစ်စုံကသူမဆီသို့ပြေးလာနေတာကိုဝိုးတဝါးတွေ့လိုက်ရသည်။

ထို့နောက်သူမဘာဆိုဘာမှမသိတော့ပေ။

***

''ကိုကိုကမီးကိုတစ်ကယ်ချစ်တာလား''

''အခုထိမယုံသေးဘူးလား''

''မီးကြောက်တယ်ကိုကို ကိုကိုနဲ့ကိစ္စကိုမေမေတို့သိရင်မီးကိုသတ်မှာ''

''မကြောက်ပါနဲ့မီးရယ် ကိုကိုကမီးကိုလက်ထပ်မှာ အခုမီးကို,ကိုကိုပိုင်နေပြီလေ မီးရဲ့ဘဝ မီးရဲ့ခန္ဓာကိုယ်နဲ့အသွေးအသားကအခုကိုကို့လက်ထဲမှာ''

နီးလာလိုက်ဝေးသွားလိုက်နဲ့ကြားနေရတဲ့စကားတွေနဲ့အတူသူမမျက်ဝန်းမှမျက်ရည်တွေကနားထင်ဆီသို့စီးကျလာလေ၏။

''လူလိမ် လူညာ ရက်စက်တဲ့သူ''

သူမအသံတိတ်အော်ဟစ်ရင်းမျက်လုံးကိုဖျက်ခနဲဖွင့်ကြည့်တော့အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးကသူမအားငုံ့မိုးကြည့်နေကြတာမို့အိပ်ရာကနေချက်ချင်းထထိုင်လိုက်မိသည်။

More than just a fantasy(completed)Where stories live. Discover now