Chapter.5

4.5K 92 6
                                    

Unicode

More than just a fantasy

Chapter.5

လုံးလုံးဗီရိုထဲကအဝတ်အစားတွေကိုတစ်ထည်ပြီးတစ်ထည်ထုတ်ကာ ကိုယ်ပေါ်မှာကပ်ကြည့်ရင်းအလုပ်ရှုပ်နေ၏။

သူမကိုကို့ရှေ့မှာလှလှလေးဖြစ်ချင်မိသည်လေ။
ဒါပေမယ့်ဒီလောက်အချိန်အကြာကြီးရွေးပြီးတာတောင်မှသူမအခုထိစိတ်တိုင်းမကျသေးပေ။

''စိတ်ညစ်ပါတယ် ဘာမှလည်းဝတ်စရာမရှိဘူး''

နောက်ဆုံးတော့သူမ ဂျင်းဘောင်းဘီဒဲ့ပွလေးနဲ့တီရှပ်လေးကိုသာတွဲဖက်ဝတ်ဆင်လိုက်တော့သည်။
ကိုကို့အမြင်မှာအရမ်းပြင်လာတယ်လို့မြင်မှာလည်းရှက်သည်လေ။

ထို့နောက်ဆံပင်လေးကိုခပ်မြင့်မြင့်စည်းပြီးစာအုပ်တွေထည့်ထားတဲ့အိတ်လေးကိုဆွဲကာအခန်းထဲမှထွက်လာခဲ့လိုက်လေသည်။

''မင်းနဲ့လည်းငါတစ်ကယ်သေသာသေလိုက်ချင်တော့တယ်မင်းထွဋ်ရယ်''

အခန်းပြင်ရောက်ရောက်ချင်း ဧည့်ခန်းထဲကမေမေ့အသံကြောင့်သူမ,လှည့်ကြည့်လိုက်တော့သူမအစ်ကိုကြီးကိုတွေ့လိုက်ရလေသည်။

''ကိုကြီးရောက်နေတာလား''

မေမေကကျလုကျငင်တွေကိုကပြာကယာသုတ်လိုက်ပြီးမှ

''သမီးငယ် သွားစရာရှိတာသွား ဟိုကစောင့်နေရရင်မကောင်းဘူး''

''ဟုတ်မေမေ''

သူမ မျက်လုံးတွေနီနေသောမေမေ့ကိုတစ်လှည့် သူမကိုပင်ဘာမှပြန်မပြောနိုင်ဘဲခေါင်းငိုက်စိုက်ချထားသောအစ်ကိုဖြစ်သူကိုတစ်လှည့်ကြည့်ပြီးအိမ်မှထွက်ခဲ့လိုက်၏။

သူမအစ်ကိုကြီး,မမမိုးနဲ့များစကားများလာသလားမသိ။

***

သူမကိုကို့ဆီကိုရောက်ချိန်တွင် ကိုကိုကခြံထဲကဒန်းမှာမိန်းကလေးတစ်ယောက်နဲ့စကားထိုင်ပြောနေ၍သူမမျက်နှာလေးပျက်ယွင်းသွားရ၏။

သူမစက်ဘီးပေါ်ကဆင်းလိုက်သည်နှင့် ကိုကိုကသူ့ဘေးကမိန်းကလေးအား

''ဪ ဟိုမှာ ကိုယ်ပြောတဲ့သူလေ ကိုယ်သွားတော့မယ်''

ဟုပြောကာသူမဆီရောက်လာပြီးသူမလက်ထဲကစက်ဘီးလေးအားဆွဲယူကာလက်တစ်ဖက်တည်းနဲ့တွန်းသွားလေ၏။
ပြီးတော့ ခြင်းထဲကသူမအိတ်လေးကိုယူပြီးအိမ်ထဲသို့ဝင်သွားလေသည်။

More than just a fantasy(completed)Where stories live. Discover now