Chapter.11

5.6K 155 7
                                    

Unicode

More than just a fantasy

Chapter.11

အရင်ကလုံးလုံးရဲ့မျက်နှာလေးပြန်ပြီးကြည်လင်လာလို့ဟေမာတို့လင်မယားဝမ်းသာခဲ့ရပေမယ့် ရုတ်ချည်းဆိုသလိုပဲသူမလေးမျက်နှာကအရယ်အပြုံးကင်းမဲ့သွားပြန်ပြီ။

ဟိုနေ့ညကသတိလစ်သွားပြီးနောက်ပိုင်းမှာသူမကအခုလိုအေးတိအေးစက်ဖြစ်သွားခဲ့တာပင်။
အဲနေ့ညကဘာဖြစ်ခဲ့တာလဲဆိုတာလည်းမေးလို့မရခဲ့ပါ။

သူမကပုံမှန်အစားစားပြီးပုံမှန်လည်းအိပ်သလို ဆိုင်မှာလည်းဈေးကူရောင်းတတ်ပေမယ့်လည်းတစ်ခုခုကိုရင်ထဲမှာပိုက်ထွေးထားတယ်ဆိုတာဘေးကနေကြည့်တာနဲ့သိပါတယ်လေ။

ဒီလိုနဲ့ပဲအချိန်တွေတရွေ့ရွေ့ကုန်လာလိုက်တာ သူမဗိုက်ကခုနှစ်လကျော်ရှစ်လထဲပင်ရောက်ချေပြီ။

''လုံးလုံးရေ...ပြီးပြီလား ဆေးခန်းသွားဖို့နောက်ကျတော့မယ်နော်''

သူမကသခွားရောင်ဗိုက်ဖုံးအင်္ကျီလေးနဲ့အခန်းထဲကထွက်လာပြီး

''ပြီးပါပြီမမ''

''ဖြည်းဖြည်း ဖြည်းဖြည်း''

''ဟုတ်''

မဟေမာကသူမကိုဘေးကနေထိန်းကာအိမ်ထဲကနေတွဲခေါ်လာပေး၏။

တစ်ကယ်ဆိုမဟေမာရဲ့နေရာမှာတစ်စုံတစ်ယောက်ဖြစ်နေရမှာ။

***

သူမတို့ဆေးခန်းရောက်တော့ သူမနည်းတူကိုယ်ဝန်ဆောင်နောက်တစ်ဦးကိုတွေ့ခဲ့ရ၏။

သူမနဲ့မတူတာကထိုအမျိုးသမီးကသူ့ဘေးမှာသူ့ကိုဂရုစိုက်ပေးနေတဲ့ခင်ပွန်းသည်ပါနေတာပါပဲ။

ထိုအမျိုးသမီးကိုကြည့်ပြီးသူမစိတ်ထဲမှာအတော်လေးအားကျကာ လူကပြုံးနေမိသည်ထိပင်။

တစ်ဆက်တည်းဆိုသလိုသူမဗိုက်လေးကိုငုံ့ကြည့်မိတော့ အခုချိန်ထိတစ်ယောက်တည်းကိုယ်ဝန်ဆောင်ပြီးတစ်ယောက်တည်းဒုက္ခခံနေရသည့်အဖြစ်ကိုတွေးမိတော့အတော်လေးငိုချင်သွားရသည်။

အရမ်းလည်းအထီးကျန်ပြီးအားငယ်ရတယ်။

''သမီးလေး...သမီးလေးဖေဖေကသမီးလေးရှိနေတာကိုမသိဘူး သူကအခုတစ်ခြားတစ်ယောက်နဲ့ပျော်နေပြီ မေမေ့ကိုလည်းမေ့သွားပြီ ဒါပေမယ့်သမီးစိတ်ချ သမီးဘဝမှာအဖေဆိုတဲ့ဖြစ်တည်မှုမျိုးမလိုအပ်အောင်လို့မေမေကပြုစုပျိုးထောင်ပေးမယ် အဲ့လူကမေမေ့အတွက်မလိုအပ်သလိုသမီးအတွက်လည်းမလိုအပ်စေရဘူး''

More than just a fantasy(completed)Where stories live. Discover now