Chapter.19

5.3K 153 5
                                    

More than just a fantasy

Chapter.19

လုံးလုံး,ဝရန်တာကနေပြီးမိုးယံရဲ့အိမ်ဘက်ကိုမသိမသာအကဲခတ်နေမိ၏။
မနက်ကတော့သူ့သတို့သမီးလောင်းရဲ့အရိပ်အယောင်ကိုပင်မတွေ့ရ။
အခုလည်းတွေ့များတွေ့မလားဆိုပြီးသူမသူခိုးချောင်းချောင်းနေမိတာပင်။

ဘယ်လိုပဲစိတ်မဝင်စားဘူးလို့ကြွေးကြော်နေလည်းပဲ သူမခန္ဓာကိုယ်ကတော့ငြင်းလို့မရ။

ထိုစဥ်မိုးယံကအပေါ်ပိုင်း​ဗလာနဲ့တဘက်တစ်ထည်ကိုပုခုံးပေါ်တင်ပြီးဆပ်ပြာခြင်းကိုဆွဲကာ ရေကန်ရှိရာဆီရောက်လာလေသည်။

သူမတို့အိမ်က အိမ်ထဲမှာပဲရေချိုးခန်းရှိပေမယ့် သူ့အိမ်မှာတော့ရေချိုးခန်းရှိပုံမရပေ။

မိုးယံသူ့ပုခုံးပေါ်ကတဘက်ကိုတန်းပေါ်တင်ပြီးရေကန်ပေါ်ကအဖုံးကိုဖယ်နေတုန်း သူ့ကိုတစ်ယောက်​ယောက်ကကြည့်နေတယ်ထင်၍သူနောက်ကိုလှည့်ကြည့်လိုက်တော့ မီးလေးကသူ့ကိုသူမတို့အိမ်ကဝရန်တာကနေလှမ်းကြည့်နေတာပါ။

သူနဲ့အကြည့်ချင်းဆုံသွားသည်နှင့် မီးလေးကသူခိုးလူမိသွားဟန်နဲ့ကပြာကယာဖြင့်နောက်ကိုချာခနဲလှည့်ကာအိမ်ထဲပြန်ဝင်သွားတော့သည်။

''အာ့!''

လုံးလုံးမှာသူကလှည့်ကြည့်လာမယ်မထင်၍သူ့ကိုအကြည့်မလွှဲတမ်းကြည့်နေတုန်းမှာ သူကနောက်ကိုလှည့်ကြည့်လာတာမို့ရှက်ကိုးရှက်ကန်းဖြင့်သူမအိမ်ထဲပြေးဝင်လာရာ ကိုယ့်ခြေထောက်နဲ့ကိုယ်ခလုတ်တိုက်မိသွားပြီးကြမ်းပေါ်ပစ်စလတ်ခတ်လဲကျသွားတော့သည်။

''မီးလေး''

သူမ,လဲကျသွားတာမြင်လိုက်သည်နှင့် မိုးယံလည်းချက်ချင်းပဲသူမအိမ်ဘက်သို့ပြေးလာခဲ့လိုက်၏။

သူမတို့ခြံတံခါးကလည်းစေ့ရုံပဲစေ့ထားတာမို့သူတံခါးကိုတွန်းဖွင့်ကာအိမ်ပေါ်ထပ်သို့ပြေးတက်လာခဲ့လိုက်သည်။

''မီးလေး''

လုံးလုံး,နာသွားတဲ့တံတောင်ဆစ်ကိုဖိပွတ်ပြီး ဒူးလေးကိုပါလှန်ကြည့်နေတုန်း ကြားလိုက်ရတဲ့အသံကြောင့်သူမမျက်လုံးလေးဝိုင်းစက်သွားရလေ၏။

More than just a fantasy(completed)Where stories live. Discover now