Unicode
More than just a fantasy
Chapter.24
သူမတို့ရန်ကုန်ကိုရောက်တော့ညနေပင်စောင်းနေပြီ။
မိုးယံလည်းသူ့အိမ်ကိုအရင်မပြန်ဘဲ မျက်နှာပြောင်ပြောင်နှင့်ပဲမီးလေးအိမ်မှာသာနေနေလိုက်၏။
မျက်နှာပြောင်တယ်ပြောရအောင်လည်းသူတို့ဘက်ကစမှားတာမှမဟုတ်တာပဲလေ။
''ယောက်ဖ...မိုးရော မိုးအခုဘယ်လိုနေလဲ''
မျက်တွင်းတွေညိုပြီးမျက်နှာတစ်ခုလုံးအဆီတဝင်းဝင်းနဲ့လူကလည်းပိန်မဲခြောက်နေသောမင်းထွဋ်သူ့အနားကပ်ကာမေး၏။
''ခင်ဗျားနဲ့မဆိုင်ဘူးထင်တယ်နော်''
''ဖြေပါကွာ ဖြေပါ မိုးဘယ်လိုနေလဲ''
''သူတို့အိမ်ထောင်ရေးအရမ်းအဆင်ပြေတယ် မမကအခုကိုယ်ဝန်ရှိနေပြီ သားလေးတဲ့''
''ဟင်!''
ချက်ချင်းဆိုသလိုပဲ မင်းထွဋ်ကဟီးခနဲငိုချ၏။
''အီးးး ဟီးးး ငါကလေ...မိုးကိုအရမ်းကိုချစ်တာ''
မိုးယံ သူ့အားစိတ်ပျက်သလိုကြည့်လိုက်၏။
တစ်ကယ်ကိုမုန်းစရာကောင်းလိုက်တာ။
ထိုစဥ် လုံးလုံးကနီရဲဖောင်းအစ်နေတဲ့မျက်လုံးလေးတွေနဲ့သူတို့နားရောက်လာပြီး
''ရှင်မပြန်သေးဘူးလား ဘာလုပ်နေတာလဲ''
''ခဏလေးတော့နေပါရစေဦး မီးလေးလိုအပ်တာတွေကိုကိုကိုလုပ်ပေးချင်လို့''
''မလိုဘူး ပြန်ပါ...ကျွန်မကိုယ့်ဘာသာတောင်အပူတွေများနေတာ ရှင့်ကိုမြင်ရင်ပိုပြီးပူလောင်ရတယ်''
''မီးလေး''
''ပြန်ပါဆို!''
သူမ,အော်လိုက်မှသူလည်းမျက်နှာငယ်လေးနဲ့အိမ်ထဲကနေထွက်သွားလေ၏။
''ညီမလေး...မိုးကသားလေးတောင်ရနေပြီတဲ့''
''ကျစ်...ကိုကြီး...အခုကဖွားဖွားအသုဘနော် ဘာလို့အဲ့မိသားစုကိုပဲပါးစပ်ကမချနိုင်ဖြစ်နေရတာလဲ''
''ငါ...ငါ''
လုံးလုံး,စိတ်ပျက်စွာနဲ့ပဲနေရာကနေလှည့်ထွက်ခဲ့လိုက်၏။
YOU ARE READING
More than just a fantasy(completed)
Fantasyချစ်လျက်နဲ့ဝေးကွာခဲ့ရတဲ့ချစ်သူနှစ်ဦးပြန်လည်ပေါင်းစည်းနိုင်ပါ့မလား...