Chapter.25

4.7K 147 8
                                    

Unicode

More than just a fantasy

Chapter.25

သူမတို့မိုးယံအိမ်ကိုရောက်တော့ ဒေါ်ယမင်းဦးကဟန်မဆောင်နိုင်လောက်အောင်ဝမ်းသာအားရဖြင့် မြေးဖြစ်သူကိုကောက်ချီကာ

''ငါ့မြေးလေး...ဖွားဖွားဆီလာတယ်ဟုတ်လား ဖွားဖွားကမြေးလေးကိုအရမ်းလွမ်းနေတာ''

''သမီးလည်းဖွားဖွားကို​​ရောဖိုးဖိုးကို​ရောအများ​ကြီး​လွမ်း​​နေတာပါ အဲဒါဒီအိမ်မှာတစ်ပတ်နေမှာနော် ခေါ်ထားမှာလားဟင်ဖွားဖွား''

''အမလေး ခေါ်ထားမှာပေါ့တော် တစ်သက်လုံးကိုခေါ်ထားချင်တာ''

''အဲဒါတော့ရလောက်ဘူး အခုတောင်မှမေမေ့ကိုအတင်းပူဆာခဲ့ရတာ''

ဒေါ်ယမင်းဦးကလုံးလုံးကိုကြည့်ကာ

''လုံးလုံး...မြေးလေးကိုအန်တီတို့ဆီမပို့ချင်ဘူးလား''

''မဟုတ်ပါဘူးအန်တီ သမီးကိုနေခိုင်းပါတယ် ဒါပေမယ့်သမီးကလုံးလုံးကိုပါနေခိုင်းနေလို့''

ဒေါ်ယမင်းဦးဘာပြန်ပြောလို့ပြောရမှန်းမသိ။

အိမ်ပါအတူလာနေပါလို့တောင်းဆိုရအောင်ကလည်း တရားဝင်ချွေးမလည်းမဟုတ်ဘူးလေ။

သားတော်မောင်ကလည်းမိန်းကလေးတစ်ယောက်ရဲ့စိတ်ကိုတောင်မှရအောင်မသိမ်းသွင်းနိုင်တော့ သူတို့လည်းမြေးနဲ့အတူနေဖို့ဝေးနေဦးမှာပင်။
အခုလိုတစ်လမှာတစ်ပတ်လောက်လာနေမယ်ဆိုရင်ကိုဖြေသာနေပါပြီလေ။

ထိုစဥ် ဦးသူရနိုင်ကအိမ်ပေါ်ကဆင်းလာပြီး

''လာကြပြီလား''

''ဟာ ဖိုးဖိုးကြီး''

ငယ်လေးကသူ့အဖွားပေါ်ကနေဆင်းကာဦးသူရနိုင်ဆီပြေးသွားပြီးလက်နှစ်ဖက်ကိုဆန့်ကာသူ့အားချီစေလေ၏။

''ဖိုးဖိုးကြီး သမီးကိုချီဦး''

ဦးသူရနိုင်ကလည်းနှစ်ခါပင်မပြောရဘဲ ငယ်လေးအားကောက်ချီကာ

''နေ့လည်စာစားပြီးပြီလား''

''ပြီးပြီ...ဖိုးဖိုး သမီးကိုလွမ်းလား သမီးကတော့ဖိုးဖိုးကိုအရမ်းလွမ်းနေတာနော်''

More than just a fantasy(completed)Where stories live. Discover now