Chapter.2

5.4K 118 3
                                    

Unicode

More than just a fantasy

Chapter.2

''မင်းဘာဖြစ်နေတာလဲ မကျေနပ်ရင်ပြတ်လိုက် ငါ့ကိုအာရုံလာနောက်မနေနဲ့''

လုံးလုံး,မမမိုးဆီကမုန့်ဖိုးနဲ့အဝတ်အစားတွေကိုယူပြီး အိမ်ပြန်ဖို့စက်ဘီး​လေးကိုဒေါက်ဖြုတ်နေတုန်း ခြံထဲကကိုကို့အသံကိုကြားလိုက်ရ၍ သူမလှည့်ကြည့်လိုက်လေ၏။

''မလာနိုင်ဘူး ငါ့ကိုအမိန့်လာမပေးနဲ့ မကျေနပ်ရင်ပြတ်လိုက်လို့ပြောနေတယ်''

လုံးလုံးကြည့်နေတုန်းမှာပဲကိုကိုကသူမကိုလှမ်းကြည့်လာ၍ သူမစက်ဘီးလေးကိုအမြန်တွန်းကာ ခြံထဲကနေထွက်သွားမလို့ပြင်တုန်းမှာပဲ ကိုကိုကသူမဆီလျှောက်လာပြီးစက်ဘီးလက်ကိုင်ကိုလာကိုင်ကာ

''ငါကငါ့ကောင်မလေးနဲ့အတူရှိနေတာ မင်းမယုံရင်သူနဲ့ဖုန်းပြောလိုက်''

ပြောပြီးကိုကိုကသူ့လက်ထဲကဖုန်းအားသူမနားနားသို့ကပ်ပေးလာလေသည်။

''ပြောလိုက်''

''ဟမ်''

''မိုးယံဦးခိုက်ရဲ့ကောင်မလေးလို့ပြောလိုက်''

လုံးလုံးတံထွေးတစ်ချက်မြိုချကာ

''ညီမက မိုးယံဦးခိုက်ရဲ့ ကောင်မလေး''

သူမစကားမဆုံးခင်မှာပဲတစ်ဖက်ကတောက်တစ်ချက်ခေါက်ပြီးဖုန်းချသွားလေ၏။

''ဖုန်းချသွားပြီ''

ကိုကိုကသူ့ဖုန်းကိုပြန်ယူပြီး

''အလကားအာရုံလာနောက်နေတယ် မိန်းမတွေကသူတို့ကိုဂရုစိုက်ပြရင်အခွင့်အရေးကိုအပြည့်အဝယူတော့တာပဲ ငါကလည်းအဲဒါတွေကိုမကြိုက်တာ''

လုံးလုံးကတော့သူပြောတာတွေကိုအူကြောင်ကြောင်ရုပ်လေးနဲ့နားထောင်လို့နေလေသည်။

''မသွားသေးဘူးလား''

''ကိုကိုက မဖယ်ပေးသေးဘူးလေ''

သူမစကားကြားမှသူစက်ဘီးလက်ကိုင်ကိုကိုင်ထားမိတာကိုသတိရပြီးချက်ချင်းဖယ်ပေးလိုက်လေ၏။

''သွားတော့''

''ဟုတ်''

သူမလည်းစက်ဘီးလေးပေါ်တက်ပြီးနေရာကနေအမြန်နင်းပြေးလာခဲ့လိုက်တော့သည်။

More than just a fantasy(completed)Where stories live. Discover now