Chapter.18

4.8K 135 3
                                    

Unicode

More than just a fantasy

Chapter.18

သူမညကအိပ်မပျော်တာကြောင့်ဒီမနက် ဆိုင်ကိုနောက်ကျမှရောက်လာ၏။

''မမလာပြီလား နောက်ကျတယ်နော်''

''အင်း ညကအိပ်မပျော်လို့''

''မမအတွက်ကော်ဖီဝယ်ထားပေးတယ်''

''ကျေးဇူးပဲနော်''

ပြောပြီးသူမကောင်တာမှာဝင်ထိုင်လိုက်၏။
မမလို့သာအခေါ်ခံနေရပေမယ့်အသက်ကသိပ်ကွာလှတာမဟုတ်ပါ။

''မင်္ဂလာပါရှင့်...ဘာများလိုအပ်ပါသလဲ''

ဝန်ထမ်းမိန်းကလေးအသံကြောင့် လုံးလုံးဘာရယ်မဟုတ်မော့ကြည့်လိုက်တော့သူမမျက်ဝန်းအစုံကပြူးကျယ်သွားရကာထိုင်ရာမှထရပ်လိုက်မိပြီး

''ရှင်...ရှင်ဒီကိုဘာလာလုပ်တာလဲ အခုထွက်သွား''

''ကိုယ့်customerကိုအဲလိုပဲနှင်ထုတ်ရလား''

လုံးလုံးဆိုင်ထဲကိုဝေ့ဝဲကြည့်လိုက်တော့သူမဝန်ထမ်းတွေနဲ့တစ်ခြားဈေးဝယ်သူတွေကသူမတို့အားလှည့်ကြည့်နေ၍သူမစိတ်တွေကိုလျှော့ချကာနေရာမှာပြန်ထိုင်လိုက်လေ၏။

မိုးယံလည်းပြုံးစေ့စေ့နဲ့ပဲဆိုင်ထဲကိုခေါက်တုန့်ခေါက်ပြန်လျှောက်ရင်းဟိုဟိုဒီဒီလိုက်ကြည့်နေလိုက်သည်။

တစ်ခြားဈေးဝယ်သူတွေပြန်ပြီဆိုမှသူမရှေ့လာကာ

''စကားပြောရအောင်မီးလေး''

''ကျွန်မကိုအဲလိုမခေါ်ပါနဲ့ ကျွန်မနာမည်မီးလေးမဟုတ်ဘူး ရှင်ဈေးမဝယ်ရင်ပြန်ပါရှင့် ကျွန်မဆိုင်လာဘ်ပိတ်လို့ပါ''

''စကားအေးဆေးပြောမယ်လို့ကိုကိုပြောနေတယ်နော်''

''မပြောဘူး''

သူကသူမကောင်တာထဲထိဝင်လာပြီးလက်ကိုအတင်းလာဆွဲခေါ်လေ၏။

''ရှင်အခုလွှတ်နော်!''

သူကသူမအားဆိုင်အနောက်ထဲထိခေါ်လာကာအဝတ်လဲခန်းထဲသို့ဝင်ချလာလေသည်။

''ရှင်ဘာဖြစ်နေတာလဲ ရှင့်ကိုကျွန်မအရိပ်တောင်လာမနင်းနဲ့လို့ပြောထားတယ်မလား''

More than just a fantasy(completed)Where stories live. Discover now