Chapter.14

5.2K 163 7
                                    

Unicode

More than just a fantasy

Chapter.14

''ကိုမင်းထွဋ်! ရှင်ဒီအရက်တွေပဲသောက်နေတော့မှာလား''

နေ့ရှိသရွေ့ပုလင်းထောင်နေသောလင်တော်မောင်ကို မေဇင်သူအတော်စိတ်ပျက်နေပြီပင်။

''မင်းငါ့ကိုသိပ်လိုချင်နေတာမလား ငါ့ရဲ့ဘယ်လိုပုံစံကိုမဆို မင်းလက်ခံပေါ့''

''ဒီမှာ...ရှင်ကအမှားလုပ်တဲ့သူနော် ရှင်ကျွန်မကိုဒီလိုအချိုးချိုးပိုင်ခွင့်မရှိဘူး''

''ဘာကိုငါ့အမှားလဲ...မင်းကလိမ်ကကျစ်လုပ်တာ''

''ဘာကလိမ်ကကျစ်မှမလုပ်ဘူး ကျွန်မလည်းရှင့်ကိုအမိဖမ်းတာမဟုတ်ဘူး ရှင်ကသာကျွန်မအခန်းထဲကိုရောက်လာတာလေ''

''တော်​တော့! မင်းထပ်မပြောနဲ့တော့''

''ပြောစရာရှိတာတော့ပြောရမှာပဲ ရှင်ကမိန်းမနှစ်ယောက်ရဲ့ဘဝကိုကမောက်ကမဖြစ်စေတဲ့သူ''

မင်းထွဋ်ကစားပွဲကနေဒယီးဒယိုင်ထပြီး

''ငါကမိုးကိုပဲချစ်တာ မင်းကိုတော့သိပ်မုန်းတယ်''

''ဘာပြောတယ်''

''ကြားတဲ့အတိုင်းပဲ''

မေဇင်သူကနှုတ်ခမ်းကိုသာဖိကိုက်လို့ထားခဲ့လေ၏။

အဲဒီ့တုန်းကသူမအစ်ကိုရဲ့သူငယ်ချင်းလည်းဖြစ် သူမနဲ့လည်းရင်းနှီးပြီးတစ်နယ်တည်းသားချင်းလည်းဖြစ်နဲ့သူကအိမ်ကိုအလည်ရောက်လာခဲ့လေ၏။
သူနဲ့အတူ မင်းထွဋ်ဆိုတဲ့သူလည်းပါလာခဲ့ပြီးသုံး​ယောက်သားစားကြသောက်ကြနဲ့မူးရူးခဲ့ကြလေသည်။

မနက်မိုးလင်းတော့မင်းထွဋ်ဆိုတဲ့သူကသူမအခန်းထဲဘယ်လိုရောက်နေခဲ့လဲမသိ။

ဘာမှမဖြစ်ခဲ့ဘူးဆိုတာသိပေမယ့်သူမမိဘတွေပါသိသွားပြီး မြို့လေးကကျဥ်းကျဥ်းလေးမို့တစ်ခြားသူတွေပါသိကုန်ရင်သူမပဲအရှက်ကွဲရမှာကြောင့် သူ့ကိုသူမနဲ့လက်ထပ်ဖို့ လူကြီးဆုံရာခေါ်လာဖို့အတွက်ပြောခဲ့ပေမယ့် သူကအင်တင်တင်လုပ်နေ၍ တရားစွဲမယ်ခြိမ်းခြောက်ပြီးလက်ထပ်စာချုပ်မှာလက်မှတ်ထိုးခိုင်းခဲ့လေ၏။
သူ့မိဘတွေကိုတော့သူနောက်မှပြောပြမယ် အခုပြောရင်စိတ်ဆိုးကြမှာစိုးတယ်ပြော၍သူမအသာတကြည်​ပဲလက်ခံပေးခဲ့လိုက်ပါသည်။

More than just a fantasy(completed)Where stories live. Discover now