Chapter.17

5.6K 165 6
                                    

Unicode

More than just a fantasy

Chapter.17

''ဦးဦး...ခဏနေပါဦး''

ငယ်လေးတစ်ယောက် ပိုက်ဆံတစ်ထောင်တန်လေးကိုင်ပြီးအိမ်ထဲကနေပြေးထွက်လာကာ အိမ်ရှေ့ကဖြတ်သွားသောရေခဲမုန့်သည်ကိုလှမ်းခေါ်၏။

ရေခဲမုန့်သည်ကချက်ချင်းရပ်ပေးလိုက်ပြီး

''ဘာယူမှာလဲကလေး''

''ရေခဲမုန့်တစ်ဗူးပေးပါ ..စတော်ဘယ်ရီအရသာ''

''ဟုတ်ပြီဗျာ...ကဲရော့ဒီမှာ''

ရေခဲမုန့်သည်ကသူ့ရေခဲပုံးထဲကရေခဲမုန့်ဗူးလေးအားထုတ်ပေးလာ၏။

''ဘယ်လောက်လဲ''

''500ပဲကလေး''

''ရော့...ငါးရာပြန်အမ်း''

''အလည်မလေး''

ငယ်လေးရေခဲမုန့်သည်ဆီကအအမ်းယူပြီးသည်နှင့်နောက်ကိုလှည့်လိုက်တုန်း

''သမီး''

မိုးယံ အိမ်ထဲကထွက်လာချိန် သမီးနဲ့တိုက်တိုက်ဆိုင်ဆိုင်တွေ့တာကြောင့်သူလှမ်းခေါ်လိုက်တော့ သမီးကမှုန်ကုပ်ကုပ်လေးကြည့်ကာ

''ဘာလဲ...မခေါ်နဲ့ ဒီမှာတွေ့လားလက်သီး...ထိုးမှာနော်''

သမီးကလက်သီးဆုပ်သေးသေးလေးနဲ့သူ့ကိုရွယ်လာလေ၏။

မိုးယံ သမီးဖြစ်သူနားသွားကာခြေဖျားထောက်ထိုင်ချပြီး

''ဘာတွေရန်လိုနေတာလဲသမီးရ ပြောပါဦး''

''မေမေကပြောတယ် ဦးဦးကလူဆိုးကြီးတဲ့ ဦးဦးကိုအနားအကပ်မခံရဘူးတဲ့''

''ဟုတ်လား မေမေကအဲလိုပဲပြောလား''

''အင်း...ဦးဦးကတစ်ကယ်လူဆိုးလား''

''သမီးမေမေကလျှောက်ပြောနေတာပါ ဒါနဲ့သမီးနာမည်ကဘယ်သူလဲ''

''မိုးသားငယ်ပါဦးဦး''

''မိုးသားငယ်''

သူပြုံးလိုက်မိ၏။

မီးလေးကသမီးကိုသူ့နာမည်ပါအောင်မှည့်ပေးထားတာပဲ။

''ဦးဦး...ဦးဦးမှာဖေဖေရှိလား''

''ရှိတာပေါ့သမီးရ''

More than just a fantasy(completed)Where stories live. Discover now