Unicode
More than just a fantasy
Chapter.23
''မေမေ...မေမေ''
သူမကိုလာလှုပ်နှိုးတဲ့လက်သေးသေးကြောင့် လုံးလုံးအိပ်ရာမှနိုးလာရ၏။
''သမီး''
''မေမေ...ဖေဖေကမေမေ့အတွက်မနက်စာဝယ်ထားတယ်တဲ့ မေမေ့ကိုမျက်နှာသစ်ပေးမယ်တဲ့ ပြီးရင်မနက်စာစားကြမယ်တဲ့''
''အင်း''
လုံးလုံးအိပ်ရာကနေထပြီး ခေါင်းအုံးဘေးကခေါင်းစည်းကြိုးကိုယူပြီးမှ
''ကျစ်...ဘယ်လိုစည်းရမှာလဲ''
ထိုစဥ် မိုးယံကအခန်းထဲဝင်လာပြီး
''ကိုကိုစည်းပေးမယ်လေ..ပေး''
''ရတယ် မလိုဘူး''
''လာပါ''
မိုးယံသူမလက်ထဲကခေါင်းစည်းကြိုးလေးကိုယူပြီးကျောလယ်လောက်ရှိသောသူမဆံပင်လေးတွေအားစည်းပေးလိုက်သည်။
''ရပြီ မျက်နှာသစ်တော့မလား ကိုကိုသစ်ပေးမယ်''
''မလိုဘူး ကိုယ့်ဘာသာလုပ်နိုင်တယ်''
ပြောပြီးသည်နှင့်သူမလည်းသမီးလက်ကိုဆွဲကာအခန်းထဲကထွက်ခဲ့လိုက်၏။
''အခုမှအပိုတွေလာလုပ်နေတယ်''
''မေမေကလည်း ဖေဖေကစေတနာနဲ့ပြောတာကို''
''မေမေ့အတွက်တော့အဲ့စေတနာတွေကတစ်စက်မှမလိုဘူး''
ငယ်လေးကခေါင်းသာကုတ်နေလျက်။
သူမတို့အိမ်ရှေ့ရေချိုးကန်ဆီရောက်တော့
''သမီး...သွားတိုက်တံခဏကိုင်ထား''
ဟုဆိုကာသမီးလက်ထဲသို့သူမသွားတိုက်တံလေးကိုထည့်ပေးလိုက်ပြီးသူမကတော့သွားတိုက်ဆေးဗူးကိုအဖုံးဖွင့်၍သွားတိုက်ဆေးကိုညှစ်ကာသူမသွားတိုက်တံပေါ်တင်လိုက်သည်။
မိုးယံသူမအားအိမ်ပေါက်ဝနေလှမ်းကြည့်ပြီးသက်ပြင်းတွေသာချလိုက်မိ၏။
တော်တော်အကြောတင်းပြီးခေါင်းမာလွန်းသောကောင်မလေး။
''သမီးရောမျက်နှာသစ်ပြီးပြီလား''
YOU ARE READING
More than just a fantasy(completed)
Fantasiချစ်လျက်နဲ့ဝေးကွာခဲ့ရတဲ့ချစ်သူနှစ်ဦးပြန်လည်ပေါင်းစည်းနိုင်ပါ့မလား...