Chapter.27

5.5K 105 0
                                    

Unicode

More than just a fantasy

Chapter.27

လုံးလုံး,ဆေးရုံကဆင်းတော့သူမအိမ်မှာပဲပြန်နေဖြစ်သည်။

ကိုကိုကသူမအားသူ့အိမ်မှာနေခိုင်းနေပေမယ့်လည်းသူမကချက်ချင်းကြီးအခြေအနေတွေကိုပြောင်းပြန်မလှန်ချင်သေးပေ။

''မီးလေး ကိုကိုနဲ့အတူလာနေပါဆိုကွာ''

''ကိုကိုကလည်း လုံးလုံး​ပြောပြီးပြီလေ မနေချင်သေးပါဘူးဆို''

''ဘာလုံးလုံးလဲ အရင်လိုမီးလို့ပြောလေ''

''ကိုကိုနော် မိဘတွေပဲဖြစ်နေပြီကို ကလေးဆန်နေတုန်း''

ကိုကိုကသူမဆံပင်လေးတွေအားနားကြားညှပ်ပေးပြီးခေါင်းလေးကိုအုပ်မိုးကိုင်ကာ

''မီးလေးကကိုကို့မျက်လုံးထဲမှာအခုထိကလေးလေးလိုပဲ''

ကိုကိုကသူမအားသူ့ရင်ခွင်ထဲထွေးပွေ့လာလေ၏။

''ကိုကိုမီးလေးကိုအရမ်းချစ်တယ်နော် မီးလေးသိတယ်မလား''

''သိပါဘူး ချစ်တယ်ဆိုပြီးဘာလို့အဝေးကိုထွက်သွားတာလဲ တစ်ခြားတစ်ယောက်နဲ့တောင်စေ့စပ်လိုက်သေးတယ်''

ကိုကိုကသူမကိုဖက်ထားရာမှခွာကာသူမလက်ကလေးကိုဆွဲယူ၍သူ့ပါးပေါ်တင်လိုက်ပြီး

''လူပဲထွက်သွားတာပါ နှလုံးသားကမီးလေးဆီမှာပဲကျန်နေခဲ့တာ''

ကိုကိုကသူမလက်ဖဝါးလေးအားနမ်းလာပြီး

''အတိတ်ကမှားခဲ့တာတွေကိုပြန်ပြင်ဆင်မယ် မီးလေးကကိုကို့ဘေးမှာရှိနေပေး ကိုကိုကအစွမ်းကုန်ချစ်ပေးမယ်''

ကိုကိုကသူမအားအိပ်ရာထက်လှဲချလိုက်တော့ သူမကသူ့ရင်ဘတ်လေးကိုတွန်းကာ

''ကိုကိုနော်...အပြင်မှာမေမေတို့ရှိနေတယ်လေ မီးကလည်းခန္ဓာကိုယ်ကသိပ်မကျန်းမာသေးဘူးနော်''

''ကိုကိုကသူမအားပြုံးစေ့စေ့နဲ့ကြည့်ကာ

''ဘာတွေတွေးနေတာလဲနှာဘူးမလေး ဒီကနမ်းရုံပဲနမ်းမှာကို''

သူ့စကားကြောင့်သူမမျက်နှာလေးမှာနီရဲသွားရပြီးမျက်နှာလေးကိုလက်နဲ့အုပ်ကာ

More than just a fantasy(completed)Where stories live. Discover now