Unicode
More than just a fantasy
Chapter.29 (Final part)
အုပ်စိုးသူ့ရှေ့ကရွှေအိုရောင်ဖိတ်စာလေးကိုကြည့်ကာပြုံးလိုက်၏။
နောက်ဆုံးတော့လည်းနှင်းကသူရဲ့မူလရင်ခွင်ဆီပဲပြန်ခိုဝင်သွားခဲ့ပြီပင်။
''ငါဝမ်းသာတယ်နော်နှင်း နင်တို့မင်္ဂလာပွဲကိုငါဆက်ဆက်တက်ပါမယ်''
''အေးပါ အရင်ကနင့်ကိုငါကြည့်မရဖြစ်ခဲ့ဘူးပေမယ့် ငါအခက်အခဲဖြစ်တိုင်းနင်ကအမြဲကူညီပေးခဲ့တယ် အဲ့အတွက်ကျေးဇူးပါပဲအုပ်စိုး''
မိုးယံကလည်း...
''ငါလည်းမင်းကိုကျေးဇူးတင်ပါတယ် မီးလေးနဲ့သမီးလေးကိုကူညီစောင့်ရှောက်ပေးခဲ့လို့''
''ရပါတယ် ငါဆန္ဒရှိလို့လုပ်ပေးခဲဲ့တာတွေပဲကို ပြောနေဖို့မလိုပါဘူး''
''အဲဒါဆိုငါတို့သွားတော့မယ်အုပ်စိုး တစ်ခြားဖိတ်စရာတွေရှိသေးလို့''
''အေးပါ ဂရုစိုက်သွားကြ''
''အင်း''
မိုးယံကလုံးလုံးပုခုံးလေးကိုဖက်ကာ အိမ်ထဲကထွက်သွားသည်ကိုသူမျက်စိတစ်ဆုံးလိုက်ကြည့်မိသည်။
နှင်းနဲ့အလိုက်ဖက်ဆုံးကမိုးယံတစ်ယောက်တည်းပါပဲ။
***
သူတို့အုပ်စိုးဆီကပြန်တော့ရူဘီ့ဆီသို့ဝင်ခဲ့ကြ၏။
ရူဘီ့ရဲ့တုန့်ပြန်မှုကအုပ်စိုးနဲ့တော့မတူခဲ့ပါ။
''ငါမလာဘူး''
''ဘာလို့လဲ ငါတို့ကမိတ်ဆွေတွေလေ''
''နင်ငါ့ကိုလာပြီးပျက်ရယ်ပြုနေတာလား''
''.....''
''တစ်ခြားမိန်းကလေးကိုလက်ဆွဲပြီးမင်္ဂလာလျှောက်လမ်းမှာလျှောက်နေတဲ့နင့်ကို ငါကဘယ်လိုစိတ်နဲ့လာကြည့်ရမှာလဲ ဘာလဲ နင်တို့ကိုကြည့်ပြီးငါခံစားနေရတာကိုနင်တို့မြင်ချင်လို့မလား''
''မဆိုင်တာဟာ''
ထိုစဥ် သူမအမေရောက်လာပြီး
''ရူဘီ မဟုတ်တာတွေပြောမနေနဲ့...မောင်မိုးယံ အန်တီတို့လာခဲ့မယ်သိလား''
YOU ARE READING
More than just a fantasy(completed)
Fantasyချစ်လျက်နဲ့ဝေးကွာခဲ့ရတဲ့ချစ်သူနှစ်ဦးပြန်လည်ပေါင်းစည်းနိုင်ပါ့မလား...