Chapter.16

5.6K 169 9
                                    

Unicode

More than just a fantasy

Chapter.16

သူမန္တလေးသာရောက်လာပေမယ့်မီးလေးရှိတဲ့နေရာကိုမသိ၍ကောင်းထက်အောင်ကိုဆက်သွယ်ပြီးသူ့ဆီကိုသာအရင်ရောက်လာခဲ့၏။

ပြီးတော့သူ့ခံစားချက်တွေအားသူငယ်ချင်းဖြစ်သူအားရင်ဖွင့်မိသည်။

''မီးလေးကငါ့ကိုတစ်စက်လေးမှမပြောပြဘူးကွာ သူငါ့ကိုအရမ်းစိတ်နာနေတာနေမှာ''

''မင်းတို့ကြားမှာဘာတွေဖြစ်ခဲ့တာလဲ ငါ့ကိုအသေးစိတ်ပြောစမ်းပါ''

သူဖြစ်ကြောင်းကုန်စင်ပြောပြတော့ကောင်းထက်အောင်က...

''မင်းကဒါမျိုးနဲ့ထိုက်တန်နေတာပဲကိုး''

''ဘယ်လို''

''သူကယုံလို့ပုံအပ်ခဲ့ပေမယ့်သူပြန်ရတာကလျော်ကြေးပေးမယ်ဆိုတဲ့စကားတစ်ခွန်းပဲလေ သူဆုံးရှုံးသွားတာကဘယ်လောက်တန်မယ်လို့မင်းထင်လို့လဲ''

သူ့သူငယ်ချင်းစကားကသူ့အရှိုက်တည့်တည့်ကိုလာထိ၏။

''လုံးလုံးကမင်းနဲ့တွဲနေတုန်းကအသက်တောင်မပြည့်သေးတဲဲ့ချာတိတ်မလေးလေ ပြောရရင်ငါ့အမှားလည်းပါတယ် ငါကအများဆုံးမြှောက်ပေးမိတဲ့သူကိုး ဒါပေမယ့်ငါသင်ပေးတဲ့ထဲမှာမျက်နှာလွှဲခဲပစ်လုပ်ဖို့မပါဘူးလေ သူမင်းကိုကလေးကိစ္စပြောပြချင်ရင်တောင်မှမင်းပြောခဲ့တဲ့စကားကြောင့်သူအတော်​လေးကြောက်ရွံ့နေခဲ့မှာပဲ တာဝန်မယူနိုင်ဘူး လျော်ကြေးပဲယူ အဲလိုစကားတွေထပ်ကြားရမှာကိုသူ့အနေနဲ့စိုးရိမ်ခဲ့မှာပေါ့ နုနယ်စဥ်မှာရခဲ့တဲ့စိတ်ဒဏ်ရာကကုသဖို့ကြာမှာပဲ''

''ငါ...ငါဘာလုပ်သင့်လဲ ငါ့ကိုအကြံပေးပါဦးကွာ ငါပြန်ပြီးပြင်ဆင်ခွင့်ရချင်တယ် မီးလေးကိုရောသမီးကိုရောငါ့အနားကိုပြန်ခေါ်ချင်တယ်''

''လွယ်တော့မလွယ်ဘူး...ဒါပေမယ့်ကြိုးစားပေါ့ ငါသူ့လိပ်စာပေးလိုက်မယ်''

''ဟင်...မင်းကသူနဲ့တွေ့ပြီးပြီလား''

''လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက''

''ဟာ! မင်းဘာလို့ငါ့ကိုမပြောတာလဲ''

''သူကမင်းနဲ့တစ်သက်လုံးမတွေ့ချင်ဘူးတဲ့ ငါ့ကိုမပြောဖို့မှာထားလို့ မင်းအခုချက်​ချင်းတော့ရုပ်လုံးထွက်မပြနဲ့ဦး သူလက်ခံနိုင်ဦးမှာမဟုတ်ဘူး သူနေတဲ့နေရာတောင်မှငါ့ဘာသာစုံစမ်းထားတာ သူကပြောလို့မဟုတ်ဘူး''

More than just a fantasy(completed)Where stories live. Discover now