Chapter.21

5.3K 162 6
                                    

Unicode

More than just a fantasy

Chapter.21

''သမီး...ဘာလို့ဟိုလူ့ကိုပိုက်ဆံကိစ္စသွားပြောတာလဲ''

သူမအခန်းထဲရောက်တာနဲ့သမီးကိုလေသံအေးလေးနဲ့မေးလိုက်သည်။

''မေမေပိုက်ဆံလိုနေတာမလား သမီးလည်းမပေးနိုင်တော့ဦးဦးဒေါက်တာဆီကခဏသွားချေးတာပါ''

''သမီးကအခုမှကလေးပဲရှိသေးတာ လူကြီးတွေကိစ္စမှာသမီးကလိုက်ပြီးခံစားမနေပါနဲ့ မေမေတို့လူကြီးတွေဘာသာရှင်းလိုက်မယ်''

''မေမေကတစ်ယောက်တည်းအလုပ်လုပ်ပြီးပိုက်ဆံရှာနေရတော့သမီးမေမေ့ကိုသနားလာလို့ပါ သမီးကမေမေ့ဒုက္ခတွေကိုကူညီချင်တာ''

သမီးစကားကသူမရင်ထဲမှာစိမ့်စမ်းရေအလား။

''လာပါဦး''

လုံးလုံး,သမီးအားပေါင်ပေါ်ထိုင်စေလိုက်ပြီး

''မေမေ့သမီးလေးကအရမ်းသိတတ်တာပဲ သမီးမေမေ့ကိုကူညီချင်ရင်မေမေ့ကိုတစ်ခုပဲလုပ်ပေး စာကိုသေချာကြိုးစားပြီးတော့လိမ်လိမ်မာမာနေ ယောကျ်ားတွေကိုလည်းမယုံနဲ့ ယောကျ်ားတွေကမကောင်းဘူး ကြားလား''

''ဘယ်လိုမကောင်းတာလဲမေမေ''

''သူတို့ကလူညာတွေ လူဆိုးတွေ မေမေပြောတာမြဲမြဲမှတ်ထားနော်''

''ဟုတ်မေမေ''

''လာ အိပ်ကြစို့''

''ဟုတ်''

လုံးလုံး,သမီးအားခေါင်းအုံးထက်လှဲအိပ်စေလိုက်ပြီးသူမပါဘေးကနေကပ်လှဲလိုက်၏။

''မေမေပုံပြင်ပြောပြမယ်နော်''

''ဟုတ်ကဲ့''

***

''သား...ခုနကမြေးလေးကဘာလာလုပ်တာလဲ''

သူ့အမေကသူ့အခန်းထဲဝင်လာပြီးမေး၏။

''ပိုက်ဆံလာချေးတာတဲ့''

''ဘယ်လို''

''မီးလေးကပိုက်ဆံလိုနေပုံပဲ သိန်းငါးရာတဲ့''

''သိန်းငါးရာ...ဘာလို့ပါလိမ့်''

''မေမေ...ကျွန်တော်ဘာတွေလုပ်မှမီးလေးကကျွန်တော့်ကိုခွင့်လွှတ်မှာလဲ''

More than just a fantasy(completed)Where stories live. Discover now