Unicode
More than just a fantasy
Chapter.3
ကိုကို့ကားလေးသူမအိမ်ရှေ့မှာရပ်သွားသည်နှင့် လုံးလုံးသူမပေါင်ပေါ်ကကိုကို့အင်္ကျီလေးအားကိုကို့ကိုပြန်ပေးကာ
''ဒီမှာအင်္ကျီ''
''အင်း facebookသုံးတယ်မလား''
''ဟုတ် သုံးတယ်''
''နာမည်က''
''နှင်းလုံးငယ်ပဲ''
''အွန်း''
''အာ့ဆိုသွားပြီနော်''
''အင်း''
သူမကားပေါ်ကဆင်းလိုက်ပြီးခြံထဲဝင်ခဲ့ပြီဆိုမှပဲကိုကို့ကားလေးကနေရာကနေမောင်းထွက်သွားလေ၏။
''ဘာလို့accountကိုမေးတာလဲ''
သူအိမ်ထဲရောက်တော့မေမေကဟင်းရွက်သင်နေရင်းမှ
''သမီးပြန်ရောက်ပြီလား''
''ဟုတ် မေမေညနေစာချက်မလို့လား သမီးအဝတ်အစားလဲပြီးမေမေ့ကိုဝိုင်းကူပေးမယ်နော်''
ပြောပြီးသူမအခန်းထဲဝင်ခဲ့၍ ပေါ့ပေါ့ပါးပါးဖြစ်မယ့်အဝတ်တစ်ထည်ကိုလဲဝတ်ကာ မေမေ့ကိုဟင်းကူချက် ပန်းကန်တွေကူဆေးပေးပြီးအချိန်ကုန်နေလိုက်၏။
ဖေဖေအလုပ်ကပြန်လာတော့ဖေဖေသူ့ဝေယျာဝစ္စတွေလုပ်ပြီးမှပဲမိသားစုလေးယောက်ထမင်းလက်ဆုံစားကြသည်။
မိသားစုစုံလင်မှထမင်းစားတတ်တာသူမတို့မိသားစုရဲ့ဓလေ့တစ်ခုလိုဖြစ်နေပါပြီ။
ထမင်းစားပြီးတော့လည်းအချိုတည်းရင်းရုပ်ရှင်အတူကြည့်ကြပြန်၏။
ထို့နောက်သူမဘုရားရှိခိုးပြီးမိဘတွေနဲ့အဖွားကိုပါကန်တော့ကာအခန်းထဲသို့ဝင်ခဲ့လိုက်သည်။
သူမမအိပ်ခင်facebookထဲဝင်လိုက်တော့friend requestတစ်ခုတက်နေ၍ဝင်ကြည့်လိုက်ရာ
''ဟင်''
သူမကိုယ့်ပါးလေးကိုပြန်ရိုက်လိုက်ပြီးဖုန်းကိုသေချာပြန်ကြည့်လိုက်မိ၏။
''ကိုကိုကငါ့ကိုလာaddထားတာလား addထားတာလေးနာရီတောင်ရှိပြီပဲ''
YOU ARE READING
More than just a fantasy(completed)
Fantasyချစ်လျက်နဲ့ဝေးကွာခဲ့ရတဲ့ချစ်သူနှစ်ဦးပြန်လည်ပေါင်းစည်းနိုင်ပါ့မလား...