Unicode
More than just a fantasy
Chapter.6🔞
အချိန်က ည12နာရီကိုဦးတည်နေပေမယ့်သူမအခုချိန်ထိအိပ်လို့မရသေးပါ။
အိပ်ရာအပြောင်းအလဲကြောင့်လည်းပါသလိုကိုကို့ကြောင့်လည်းပါသည်။
ကိုကိုကသူမခြေထောက်လေးတွေကိုခွထားပြီးလက်ကလည်းသူမခါးလေးကိုဖက်ထားကာသူမလည်ပင်းကြားထဲကိုခေါင်းတိုးဝင်၍အိပ်နေတာကြောင့်ပင်။
ကိုကိုကသူ့ခန္ဓာကိုယ်ကြီးကိုမှအားမနာဘဲသူမကိုယ်လုံးလေးအားအတင်းဖက်ထားလိုက်တာများအရိုးကျိုးမတတ်ပါပဲ။
''အသက်ရှူကြပ်လိုက်တာ ဟူးးး''
သူမမှာအသက်ကိုမနည်းရှူရင်းကိုကို့ကိုလည်းဆွဲမဖယ်ရဲဘဲ နောက်ဆုံးဘယ်လိုအိပ်ပျော်သွားမှန်းကိုမသိတော့တာပါ။
***
သူမမနက်အိပ်ရာနိုးတော့ကိုကိုကသူမထက်အရင်နိုးနေပြီး ဘေးတစ်စောင်းအနေအထားနဲ့သူမအားပြုံးပြုံးကြီးလာကြည့်နေတာနှင့်လာဆုံ၏။
''ကိုကိုနိုးနေပြီလား''
''အင်း အိပ်ပုပ်မလေး''
''အိပ်ပုပ်မဟုတ်ပါဘူးနော် ညကကိုကို့ကြောင့်အိပ်မရခဲ့တာ''
''ဘယ်လို''
''ကိုကိုကညတုန်းကမီးကိုအတင်းဖက်ထားတာလေ''
''ဪ အဲဒါကြောင့်ညကအရမ်းအိပ်ကောင်းပြီးအိပ်မက်တွေလှနေတာ''
သူမကိုကို့အားမျက်စောင်းလေးထိုးလိုက်ပြီးအိပ်ရာကထမယ်လုပ်တော့ကိုကိုကသူမလက်မောင်းလေးကိုဆွဲထားပြီးသူ့ရင်ခွင်အတင်းဆွဲဖက်လာလေသည်။
''ကိုကိုနော် ဘာလုပ်တာလဲ ဖယ်ပါ''
''နမ်းချင်လို့''
''မီးမျက်နှာမသစ်ရသေးဘူးလေ''
''ဘာဖြစ်လဲအဲတော့''
ကိုကိုကသူမမျက်နှာလေးအနှံ့အတင်းနမ်းရှုံ့လာလေ၏။
''တော်ပါတော့ကိုကိုရယ် မီးအသက်ရှူကြပ်နေပြီ''
ကိုကိုကသူမအားလွှတ်ပေးလာပြီး
''မီးလေး...ကိုကိုလေ...''
YOU ARE READING
More than just a fantasy(completed)
Fantasyချစ်လျက်နဲ့ဝေးကွာခဲ့ရတဲ့ချစ်သူနှစ်ဦးပြန်လည်ပေါင်းစည်းနိုင်ပါ့မလား...