Chapter.15

4.8K 152 45
                                    

Unicode

More than just a fantasy

Chapter.15

''ခိုက်...မမမိုးရဲ့မင်္ဂလာဆောင်ကျရင်နင်နဲ့ငါနဲ့သတို့သားသတို့သမီးအရံလုပ်ရအောင်''

''မလုပ်ဘူး''

''ဒါပေမယ့်ငါကလုပ်မယ်လို့ပြောပြီးပြီ''

''ကျစ်...နင်ဘာလို့ကိုယ့်သဘောနဲ့ကိုယ်လျှောက်လုပ်နေတာလဲ''

သူစိတ်ပျက်စွာပြောရင်းနဲ့အခန်းထဲကထွက်ခဲ့တော့သူမကနောက်ကနေထပ်ကြပ်မကွာလိုက်ကာ

''နင်ကလည်းဟာ ငါတို့ကစေ့စပ်ထားတဲ့သူတွေလေ အဲတော့သူ့သဘောကိုယ့်သဘောဆိုတာဘယ်မှာရှိလို့လဲ''

''ဘယ်လိုနေနေငါမလုပ်ဘူး...နင့်ဘာသာပြန်ပြောလိုက်...အရံတွေမပါလို့ဘာမှမဖြစ်ဘူး''

သူပြောပြီးအောက်ထပ်ကိုဆင်းခဲ့တော့ သူ့အမေနဲ့အစ်မကဧည့်ခန်းထဲကနေလှမ်းကြည့်ကာ...

''သား...ဘာတွေဖြစ်နေတာလဲ ဆူညံနေတာပဲ''

''ကျွန်တော်သတို့သားအရံမလုပ်ဘူးလို့ရူဘီ့ကိုပြောနေတာ''

မိုးက...

''ဘာလို့လဲ...ဒီမှာအားလုံးစီစဥ်ပြီးနေပြီကို''

''ဘယ်လိုနေနေမလုပ်ဘူးဟာ...ငါ့ဆန္ဒမပါဘဲစေ့စပ်ပွဲကိုဇွတ်စီစဥ်ရုံနဲ့အားမရနိုင်ကြသေးဘူးလား ဒီ့ထက်ပိုပြီးငါ့ကိုစိတ်အချဥ်ပေါက်အောင်လာမလုပ်ကြနဲ့''

သူဒေါကြီးမောကြီးပြောဆိုကာအိမ်ထဲကနေထွက်ခဲ့လိုက်၏။

ထွက်ခွာသွားသောသူ့ကျောပြင်ကိုကြည့်ပြီးရူဘီတစ်​ယောက်မျက်ရည်တွေကျလာရသည်။

​​ဒေါ်ယမင်းဦးကရူဘီ့နားလျှောက်လာကာ

''မငိုပါနဲ့သမီးရယ် သားကစိတ်ထဲကပါလို့ပြောတာမဟုတ်ပါဘူး သူစိတ်ညစ်စရာတစ်ခုခုရှိလို့နေမှာပါ''

''အဲ့စိတ်ညစ်စရာကရူဘီနဲ့စေ့စပ်လိုက်ရလို့ပဲနေမှာပေါ့အန်တီ''

နှစ်သိမ့်မှပဲပိုဆိုးသွားသည့်အဖြစ်ကြောင့်ဒေါ်ယမင်းဦးမျက်နှာပူသွားရသည်။

''လာပါသမီးရယ် အဲဒါတွေထားလိုက်ပါ သတို့သမီးအရံမလုပ်ရတော့​ကောင်းတာပေါ့ မကြာခင်သမီးကသတို့သမီးဖြစ်လာမှာပဲကို လာသမီး သမီးယောက်မရဲ့မင်္ဂလာပွဲအကြောင်းပြောရအောင် လာ''

More than just a fantasy(completed)Where stories live. Discover now