Chapter.4

5.3K 127 3
                                    

Unicode

More than just a fantasy

Chapter.4

သူမအငိုတိတ်သွားမှကိုကိုကသူမအားလွှတ်ပေးလာပြီး ပုခုံးလေးနှစ်ဖက်ကိုကိုင်ကာ ခေါင်းငုံ့ထားသည့်သူမအား...

''လုံးလုံး ကိုယ့်ကိုကြည့်ပါဦး''

လုံးလုံး မျက်ရည်လေးတွေအားလက်ညှိုးလေးနဲ့သုတ်ကာကိုကို့အားမော့ကြည့်လိုက်၏။

''ကိုယ်ဘယ်လိုသက်သေပြရင် လုံးလုံးကိုယ့်ကိုယုံမှာလဲ''

''လုံးလုံး,မသိဘူး''

''ဒါဆိုဒီလိုလုပ် တစ်လတွဲကြည့်မယ်လေ ဟင် လက်ခံလား''

''တစ်လ''

''အင်း''

''တစ်လပြည့်ရင်ရောဟင်''

''အဲဒါကိုလုံးလုံးဆုံးဖြတ်လေ ကိုယ့်ကိုဆက်တွဲမလားမတွဲဘူးလားဆိုတာ''

''ဟုတ် ရပါတယ်''

''တစ်ကယ်နော်''

''ဟုတ်''

ကိုကိုကသူမခေါင်းလေးကိုအုပ်မိုးကိုင်ကာ ပါးလေးကိုနမ်းလာ၍လုံးလုံးမျက်နှာလေးထူအမ်းနီမြန်းသွားရတော့သည်။

''ချစ်သူဖြစ်တဲ့အမှတ်တရ''

သူမပြုံးရိပ်သမ်းနေသောမျက်နှာလေးနဲ့ခေါင်းငုံ့ထားလိုက်မိ၏။
ကိုကိုကသူမအားနောက်တစ်ကြိမ်ထပ်ပြီးသူ့ရင်ခွင်ထဲမှာထည့်ကာပွေ့ဖက်လာပြန်သည်။

''ကိုကိုကဘယ်မိန်းကလေးကိုမှဒီလောက်မခယဖူးဘူး သူတို့ကိုတွဲမလားမေးလို့yesဆိုလည်းတွဲလိုက်တယ် noဆိုလည်းokပဲ လုံးလုံးနဲ့ကျမှကလေးဆန်ဆန်တွေပါတောင်းဆိုမိနေတာပဲ''

''yesကပိုများခဲ့တာမလား''

''အင်း အခုလုံးလုံးဆီကyesနဲ့တစ်လောကလုံးကမိန်းမတွေကိုလဲလိုက်ပြီ''

လုံးလုံးမှာဟန်မဆောင်နိုင်လောက်အောင်ပြုံးရွှင်ခဲ့ရ၏။
ကိုကို့စကားတွေကိုလည်းသိစိတ်ကရောမသိစိတ်ကနေပါယုံကြည်နေခဲ့မိသည်။

ကိုကိုကတစ်ကယ်ဇွတ်တရွတ်နဲ့လက်ရဲဇက်ရဲပါပဲ။

🌿🌿

ချစ်သူဖြစ်ပြီးတော့ကိုကိုသူမကိုခေါ်ခဲ့တဲ့နာမ်စားက မီးလေးတဲ့လေ။
တစ်ခါတစ်လေတော့မီးလို့ခေါ်တတ်၏။

More than just a fantasy(completed)Where stories live. Discover now