Chapter.26

4.5K 139 3
                                    

Unicode

More than just fantasy

Chapter.26

ည​နေ မိုးယံအိပ်ရာကနိုးတော့သူမကဘေးမှာရှိမနေ။

သူအခန်းထဲကထွက်ခဲ့ပြီးအောက်ထပ်ကိုဆင်းခဲ့တော့သူ့မိဘတွေနဲ့သူ့အစ်မကဧည့်ခန်းထဲမှာအတူရှိနေကြသည်။

''မေမေ...မီးလေးရော''

''အိမ်ပြန်သွားပြီ''

''ဗျာ''

''သားတို့တစ်ခုခုဖြစ်ကြတာလား''

''ဘာမှမဖြစ်ပါဘူးမေမေရဲ့ သမီးကရော''

''ကလေးကိုတော့ထားခဲ့တယ် တစ်ပတ်ပြည့်မှပြန်လာပို့ပေးတဲ့''

သူချက်ချင်းပဲနံရံကကား​သော့ကို​အိမ်ကနေထွက်ခဲ့လိုက်၏။

''ဒီလောက်ထိငဲ့ညှာပေးဖို့ သနားပေးဖို့အောက်ကျခံပြီးအနူးအညွတ်တောင်းပန်ခဲ့တုန်းက နစ်နစ်နာနာတွေပြောပြီးပစ်ထားခဲ့တာဘယ်သူလဲ ချစ်လို့ယုံလို့ဘဝတစ်ခုလုံးပုံအပ်ခဲ့တာကို ငွေကြေးနဲ့တန်ဖိုးဖြတ်တာဘယ်သူလဲ''

သူမစကားတွေပြန်ကြားယောင်လာတော့သူ့လည်ချောင်းထဲကတင်းခနဲဖြစ်သွားရပြီးမျက်ရည်တွေပါဝေ့တက်လာရသည်။

မီးလေးကသူ့ကိုတစ်ကယ်ကိုနာကြဥ်းနေရှာတာပဲ။

***

လုံးလုံးအိမ်ပြန်ရောက်တော့သူမအစ်ကိုကသူမတို့အခန်းထဲကနေခိုးကြောင်ခိုးဝှက်ထွက်လာ၍သူမမျက်မှောင်အစုံကျုံ့သွားရကာ

''ကိုကြီး အဲဒါဘာလုပ်နေတာလဲ''

''လုံးလုံး''

သူမအစ်ကိုကချက်ချင်းပဲသူ့လက်ကိုနောက်ကိုဝှက်လိုက်လေ၏။

''အဲဒါဘာလဲကိုကြီး''

''ဘာမှမဟုတ်ဘူး''

လုံးလုံးချက်ချင်းပဲအစ်ကိုဖြစ်သူဆီသွားကာ ဝှက်ထားတဲ့လက်ကိုအတင်းဆွဲယူတော့

''ဟင်!''

သူမအစ်ကိုလက်ထဲမှာက သူမသမီးလေးအတွက်လုပ်ပေးထားတဲ့ရွှေတွေ။

''ကိုကြီးဒါဘာလုပ်တာလဲ ဒါသမီးအတွက်ရည်ရွယ်ထားတာ''

လုံးလုံးအတင်းလုတော့သူမအစ်ကိုကသူမအားတွန်းလွှတ်ကာအိမ်ထဲကနေထွက်ပြေးသွားလေတော့သည်။

More than just a fantasy(completed)Where stories live. Discover now