Chapter.7🔞🔞🔞

11.6K 124 3
                                    

Unicode

More than just a fantasy

Chapter.7🔞

ဒီနေ့သူမတို့နှစ်ယောက်ဘယ်မှမလည်ဖြစ်ပါ။

ကိုကို့ကြောင့်သူမတစ်ကိုယ်လုံးကနာကျင်နေပြီးအိပ်ရာကပင်မထနိုင်။

''မီးလေး...မနက်စာစားရအောင်''

''မစားချင်ဘူးကိုကို မီးမလှုပ်ချင်ဘူး အိပ်ပဲအိပ်​နေချင်တယ်''

''အဲလိုမလုပ်ရဘူးလေမီးရဲ့...မဟုတ်ရင်မီးလေးပိုပြီးအားနည်းနေမှာပေါ့ လာပါ''

ကိုကိုကသူမပုခုံးလေးနှစ်ဖက်ကိုကိုင်ကာအိပ်ရာကထစေပြီး သူကတော့သူမနောက်မှာဝင်ထိုင်ကာသူမကိုယ်လေးအားသူ့ရင်ဘတ်မှာမှီစေလိုက်၏။

ပြီးတော့စားစရာတွေတင်ထားတဲ့လှည်းလေးကိုအနားဆွဲကာ

''ကိုကိုခွံ့ကျွေးမယ်နော်''

''မီးဗိုက်ထဲကနာနေတယ်ကိုကို ခါးရောပဲ နောက်ပြီး...''

သူမဘာဆက်​ပြောလို့ပြောရမှန်းမသိ။

''ကိုကိုသိပါတယ် အဲဒါကိုကို့အမှားပါ ကိုကိုကမီးလေးကိုအနိုင်ကျင့်မိတာ ကိုကို့အပြစ်တွေပါ လာမီးလေး အစားလေးနည်းနည်းစားလိုက် မီးလေးအကြိုက်တွေပဲကိုကိုမှာပေးထားတာ ပြီးရင်ကိုကိုဆေးလိမ်းပေးမယ်နော်''

ကိုကိုကသူမအားထမင်းကိုသေသေချာချာခွံ့ကျွေးလာ၏။

''စားကောင်းလားမီး''

''ဟုတ်...ကိုကို...မီးတို့ရန်ကုန်ပြန်ရအောင်''

''ဟင်! ကိုကိုတို့ဘယ်မှတောင်သေချာမလည်ရသေးဘူးလေ''

''ဒါပေမယ့်မီး,အိမ်ပြန်ချင်ပြီ''

''ကိုကိုနဲ့အတူမရှိချင်တော့ဘူးလားမီးလေး''

''အယ်...မဟုတ်ပါဘူးကိုကိုရယ် မီးကဘာလို့ကိုကိုနဲ့အတူမရှိချင်ရမှာလဲ အဲလိုမတွေးပါနဲ့နော်ကိုကို''

''အင်းပါ မီးလေးပြန်ချင်ပြီဆိုလည်းပြန်ကြမယ်လေနော် မြန်မြန်ပြန်ရတော့လည်းကောင်းတာပေါ့ အဲဒါမှမီးလေးနဲ့အမြန်ဆုံးတရားဝင်ချစ်ခွင့်ရမှာ ကိုကိုလေ...အရင်ကအချစ်ဆိုတာကိုဘာလဲမသိဘူး အခုမီးလေးကြောင့်တဖြည်းဖြည်းသိလာပြီ ကိုကိုမီးလေးကိုဘာလို့အဲလောက်ချစ်မိသွားလည်းမသိဘူး''

More than just a fantasy(completed)Where stories live. Discover now