Chapter.12

4.4K 129 5
                                    

Unicode

More than just a fantasy

Chapter.12

သူမကမွေးမယ့်ရက်မရောက်သေးဘဲ ကလေးကိုမီးဖွားလိုက်ရပေမယ့်သူမသမီးလေးကကျန်းမာလို့တော်သေးသည်။

သူမကလည်းကျန်းမာတာမို့ဆေးရုံမှာနှစ်ရက်သာနေပြီးဆေးရုံကဆင်းခဲ့ကြ၏။

မြေးရဲ့မျက်နှာကိုမြင်တော့သူမမေမေကလည်းသူမကိုမထားခဲ့ချင်တော့ပေ။

''သမီး...ရန်ကုန်ကိုပြန်လိုက်ခဲ့ပါကွယ် မေမေတို့မြေးလေးနဲ့မေမေတို့အတူတူနေချင်လို့ပါ''

''ဟင့်အင်းမေမေ...သမီးပြန်မလိုက်ဘူး''

''သမီးရယ် အဲလိုခေါင်းမမာပါနဲ့လား''

''မေမေ...သမီးဘက်ကိုလည်းငဲ့ပါဦး အဲ့ပတ်ဝန်းကျင်ကိုသမီးဘယ်လိုအင်အားနဲ့ပြန်လာရမလဲ သမီးကလေးကိုအဲဒီ့မိသားစုနဲ့တစ်သက်လုံးပေးမတွေ့ချင်ဘူး''

''ပေးမတွေ့ချင်ရင်မတွေ့အောင်နေလို့ရပါတယ်သမီးရဲ့ ကိုဉာဏ်ထွန်း ရှင်ပြောပါဦး''

''ငါလည်းမသိတော့ဘူး ပြောရရင်ငါလည်းသမီးနဲ့အတွေးအတူတူပဲ''

''ဘာရယ်! ရှင်ကရှင့်သမီးနဲ့ရှင့်မြေးကိုနည်းနည်းလေးမှစိတ်မပူဘူးလား''

''ပူတာတော့ပူတာပေါ့ ဒါပေမယ့်လည်းအခုအတိုင်းနေမှအဆင်ပြေမှာကိုဘယ်တတ်နိုင်မလဲ''

ဖေဖေကပါသူ့ဘက်မပါသလို မဟေမာတို့ကပါဝိုင်းပြောမှပဲမေမေတစ်ယောက်လက်လျှော့သွားခဲ့သည်။

မေမေကတစ်ပတ်လောက်ထိသူမနဲ့အတူနေပေးသွားပြီးကလေးထိန်းကျောင်းတာနဲ့ပြုစုတာတွေကိုအသေးစိတ်သင်ပေးခဲ့တာမို့ကလေးထိန်းတဲ့နေရာမှာတော့သူမအတော်လေးကျွမ်းကျင်နေပါပြီ။

အဓိကပြဿနာကသူမညဘက်တွေမအိပ်ရတာပါ။
သမီးကညတိုင်းထငိုတတ်၍သူမမှာအိပ်ရေးပျက်ခံပြီးချော့ရသည်။
တစ်ခါတစ်လေဆိုမဟေမာတို့လင်မယားပါအငြိမ်မနေရ။

အဲဒီ့ဒုက္ခကလည်းသမီးသုံးလလောက်ထိသူမ,ခံခဲ့ရတာပါ။

''လုံးလုံး...ကလေးရက်တစ်ရာပြည့်နာမည်ပေးကင်ပွန်းတပ်ကိုဘာကျွေးမှာလဲ''

More than just a fantasy(completed)Where stories live. Discover now