Chapter.20

5.6K 161 6
                                    

Unicode

More than just a fantasy

Chapter.20

လုံးလုံး,မိုးယံတို့အိမ်ရှေ့မှာအချိန်အကြာကြီးရစ်သီရစ်သီလုပ်ပြီးမှ စိတ်ဆုံးဖြတ်ပြီးအိမ်ထဲသို့ဝင်ခဲ့လိုက်၏။

သူမအိမ်ထဲဝင်ခဲ့တော့ သမီးကမမမိုးနဲ့အန်တီတို့ကြားမှာထိုင်နေပြီးစကားတွေပြောနေလေသည်။

''သမီး''

''ဟာ မေမေ''

သမီးကသူမဆီပြေးလာသည်။

''လုံးလုံး''

''နေကောင်းတယ်နော်မမမိုး''

''ကောင်းပါတယ်''

''အဲဒါဆိုသမီးကိုပြန်ခေါ်သွားတော့မယ်နော်''

ပြောပြီးသည်နှင့်လုံးလုံးလည်းသမီးလက်ကိုဆွဲကာအိမ်ထဲမှထွက်လာခဲ့လိုက်လေ၏။

''ခဏလေးလုံးလုံး''

မမမိုးရော အန်တီရော ကိုကိုရောကသူမနောက်ကလိုက်လာကြလေသည်။

''ခဏနေပါဦးသမီး''

''ဟုတ်အန်တီ''

အန်တီကသူမလက်ကလေးကိုလာကိုင်ကာ

''သမီးရယ် ဘာလို့ဒီလိုကိစ္စကြီးကိုအန်တီတို့ကို​မပြောဘဲနဲ့တိမ်းရှောင်နေခဲ့တာလဲ''

''ဟုတ်သားပဲလုံးလုံးရယ် မမတို့ဘယ်လောက်တောင်ရင်နာရလဲသိလား''

''ပြောဖို့မလိုဘူးထင်လို့ပါ အဲတုန်းကနှစ်ဖက်မိသားစုကအရမ်းရှုပ်ထွေးနေခဲ့တာလေ''

''မဟုတ်တာ ကလေးကိစ္စသာသိရင်မမတို့ကအခုလိုအဖြစ်ခံမှာမဟုတ်ဘူး''

အန်တီနဲ့မမမိုးကအရင်ကအတိုင်းစိတ်သဘောထားပြည့်ဝနေကြတုန်းပါပဲ။
သူမတို့မိသားစုကသာသူတို့အပေါ်မရိုးသားသလိုဖြစ်ခဲ့မိတာ။

သူတို့စကားပြောနေတုန်းမှာပဲငယ်လေးကအိမ်ထဲသို့ပြန်ဝင်သွားလေ၏။

''ပြီးခဲ့တာတွေပြီးပါစေတော့ အခုလည်းဒီအတိုင်းနေသားကျနေပါပြီ ဘာကိုမှမလိုအပ်တော့ဘူး''

''ဒါပေမယ့်မြေးလေးကအဖေလိုအပ်နေတယ်လေ''

''လုံးလုံးတစ်ယောက်တည်းအင်အားနဲ့သမီးကိုဒီအရွယ်ထိပြုစုပျိုးထောင်လာတာပါအန်တီ''

More than just a fantasy(completed)Where stories live. Discover now