Chapter.28

5.5K 97 1
                                    

Unicode

More than just a fantasy

Chapter.28

''လေးလေး...သမီးဖေဖေနဲ့မေမေကဘယ်တော့ဘာမှာလဲ''

မင်းထွဋ် သူ့ပေါင်ပေါ်ထိုင်နေသောတူမဖြစ်သူအားငုံ့ကြည့်လိုက်၏။

သူမိုးညိုခိုင်းတဲ့အတိုင်းကလေးကိုပြန်ပေးဆွဲဖို့ချောင်းနေတုန်းမှာ ကလေးကသူ့အဖေတို့ခြံထဲမှာတစ်ယောက်တည်းဆော့နေတာကိုတွေ့ခဲ့ရလေ၏။

ကံကောင်းချင်တော့ခြံတံခါးကြီးရဲ့ဘေးကလူတစ်ကိုယ်ဝင်စာတံခါးပေါက်ကသော့မခတ်ထားဘဲဂလန့်ထိုးရုံသာထိုးထားသည်မို့သူလက်လျှိုကာတံခါးကိုဖွင့်ပြီး ကလေးကိုခြံထဲထိဝင်ခေါ်ခဲ့တာပင်။

ကလေးကလည်းသူ့ဦးလေးမို့အသံမထွက်ဘဲသူနဲ့အတူလိုက်ပါလာခဲ့လေသည်။

''လေးလေးလို့...မေးနေတာကို''

''ခဏနေကျလာလိမ့်မယ်''

''ဟုတ်''

ထိုစဥ် ဂိုဒေါင်ရှေ့မှာကားတစ်စီးထိုးရပ်သွားပြီး ကားပေါ်ကနေမိုးယံနဲ့လုံးလုံးတို့ဆင်းလာကြလေ၏။

သူတို့ပေးတဲ့လိပ်စာကမြို့ပြင်ပင်ရောက်တော့မည်မို့ သူတို့ရောက်တော့မှောင်ရီပင်ပျိုးနေပြီ။

''ကိုကို့နောက်မှာနေမီးလေး''

မိုးယံကသူမအားသူ့နောက်ပို့လိုက်ပြီးသူကပိုက်ဆံထုပ်ကိုဆွဲကာဂိုဒေါင်ထဲသို့ဝင်ချလာလေ၏။

''ဟာ ဖေဖေ''

ငယ်လေးကဖအေကိုတွေ့သည်နှင့်ဝမ်းသာအားရပြေးသွားမယ်လုပ်တော့မင်းထွဋ်အသွားမခံဘဲကလေးအားခပ်တင်းတင်းဖက်ထားကာနေရာကနေထရပ်လိုက်၏။

''သမီးကိုလွှတ် ဖေဖေ့ဆီသွားမလို့''

''သမီး''

''မေမေ''

လုံးလုံး,အစ်ကိုဖြစ်သူကိုနာနာကျည်းကျည်းကြည့်ကာ

''ကိုကြီးဘယ်လိုများခုလိုလုပ်ရက်တာလဲ ဒါကိုကြီးတူမနော် ကိုကြီးလူမှဟုတ်သေးရဲ့လား''

''ငါလည်း...လုပ်ချင်လွန်းလို့မဟုတ်ပါဘူးဟာ''

ထိုစဥ် ယောကျ်ားငါးယောက်ကသူတို့နားရောက်လာပြီးမင်းထွဋ်အားသူတို့ဘက်ဆွဲခေါ်ကာ

More than just a fantasy(completed)Where stories live. Discover now