Chapter.13

4.4K 127 7
                                    

Unicode

More than just a fantasy

Chapter.13

[၂နှစ်ခန့်ကြာပြီးနောက်]

''သားပြန်လာတာမေမေအရမ်းဝမ်းသာတာပဲကွယ် သားကိုမေမေအရမ်းလွမ်းနေတာသားရဲ့''

သူဆိုဖာမှာဝင်ထိုင်လိုက်တော့သူ့အမေကဘေးမှာကပ်ထိုင်၍

''ငါ့သားကမတွေ့တာကြာတော့ပိုချောလာလိုက်တာ''

''မေမေကတော့သားအမိချင်းကိုမြှောက်နေပြန်ပြီ''

''တစ်ကယ်ပြောနေတာသားရဲ့...ဒါနဲ့ ရူဘီနဲ့ရောဘယ်လိုလဲ''

''ဘာကိုလဲမေမေရဲ့ ဒီအတိုင်းပဲပေါ့''

''ရူဘီ့မိဘတွေကသားနဲ့သူတို့သမီးကိုပေးစားချင်နေတဲ့အရိပ်အယောင်တွေပြနေတယ်''

''ခရီးရောက်မဆိုက်အမောဆို့အောင်မလုပ်ပါနဲ့မေမေရာ ကျွန်တော်သွားနားတော့မယ်''

သူပြောပြီးအိမ်ပေါ်သို့တက်ခဲ့လိုက်၏။

ဘာလို့သူ့ကိုအေးအေး​ဆေးဆေးပေးမနေချင်ကြတာလဲ။

တစ်ဖက်မှာတော့ရူဘီတစ်ယောက်အိမ်ပြန်ရောက်သည်နှင့်အဖေနဲ့အမေနားချွဲနွဲ့ကပ်ကာ

''ဖေဖေနဲ့မေမေ...ရူဘီ့ကိုခိုက်နဲ့လက်ထပ်ပေးလို့''

''သမီးကလည်း မိန်းကလေးဘက်ကဇွတ်ပြောလို့ကောင်းပါ့မလား''

''မသိဘူးမသိဘူး...ရူဘီသူ့ကိုချစ်တယ် သူ့ကိုရမှဖြစ်မယ်''

''ငါ့သမီးကတော့လေ...ဖအေမအေရှေ့မှာကိုမရှောင်နိုင်တော့ပါလား''

''ဟီးးး..လုပ်ပါဖေဖေရဲ့ နော်နော်''

''ကဲပါ...ဖေဖေ,ကိုသူရကိုပြောပေးပါမယ်''

''ရေးး အဲဒါကြောင့်ဖေဖေ့ကိုချစ်တာ''

သူမအဖေဖြစ်သူကိုဖက်နမ်းလိုက်၏။

သူမမှာခိုက်ကိုဘယ်လောက်တောင်ချစ်လိုက်ရသလဲ။
သူ့နှလုံးသားကိုမရနိုင်ရင်တောင်မှအချိန်တစ်ခုကြာသွားရင်တော့သံယောဇဥ်တွယ်လာမှာပါ။

သူမခိုက်ကိုချစ်တယ် ပိုင်ဆိုင်ချင်တယ်။

***

More than just a fantasy(completed)Where stories live. Discover now