Unicode
More than just a fantasy
Extra Part
''မိုးသားငယ်ရေ...မပြီးသေးဘူးလား''
တစ်နှစ်အရွယ်သားလေးကိုအဝတ်အစားလဲပေးရင်းဖြင့်ရေချိုးခန်းထဲကသမီးဖြစ်သူအားလှမ်းအော်လိုက်၏။
''လာပါပြီမေမေရယ်''
သမီးကမှန်တင်ခုံရှေ့မှာရပ်ကာ ဘီးကိုယူ၍ပုခုံးလောက်ရှိသောသူမဆံပင်လေးတွေအားသပ်သပ်ရပ်ရပ်ပြန်ပြီးဖြီးသင်လိုက်၏။
''ရပါပြီမလှချင်ရယ် ပဲကိုများတယ်''
''မေမေကလည်း''
ထိုစဥ်ကိုကိုကအခန်းထဲဝင်လာပြီးအခန်းထောင့်ကခရီးဆောင်အိတ်ကိုဆွဲကာ
''ဒီသားအမိတွေမပြီးသေးဘူးလား''
''ကိုကို့သမီးပဲစိန်လေ သူ့ကိုယ်သူပဲပြင်နေတာ မအေကိုဘာမှမကူဘူး''
ငယ်လေးကအဖေဆီပြေးသွားပြီးမှ...
''ဖေဖေ သမီးလှလား''
''ကြည့်ကြည့် ဒီလောက်ပြောနေတာကို''
''ကဲပါမီးလေးရာ သမီးကိုပြောမနေပါနဲ့တော့ ပြီးရင်သွားရအောင် နောက်ကျနေမယ်''
''အင်း''
လုံးလုံး သားကိုချီ၍ကိုကိုနဲ့အတူအခန်းထဲမှထွက်လာခဲ့လိုက်လေသည်။
ဒီနေ့သူမတို့မန္တလေးကိုတက်ကြမလို့ပါ။
သမီးနွေရာသီကျောင်းပိတ်တိုင်း သူတို့မဟေမာတို့ဆီအလည်သွားနေကျပင်။အခုဆိုသမီးက8နှစ်ရှိပြီဖြစ်ပြီးသားလေးကတော့တစ်နှစ်ကျော်သွားပါပြီ။
''လာကြပြီလား...ငါ့မြေးမလေးကလှချက်''
ဦးသူရနိုင်က ဂါဝန်အထပ်ထပ်ကလေးနဲ့အရမ်းလှနေသောမြေးဖြစ်သူအားကောက်ချီလိုက်၏။
''ဖိုးဖိုးကြီးရဲ့မြေးပဲကို လှမှာပေါ့''
''အမလေး အဲဒါလေးတွေချစ်နေရတာ''
''ဖေဖေရယ် ဖေဖေ့မြေးမကြီးမငယ်ကြီးကိုအပင်ပန်းခံပြီးချီနေပြန်ပြီ''
''ငါ့ချွေးမကလည်း မြေးလေးကဖေဖေ့မျက်လုံးထဲမှာအခုထိအူဝဲလေးပဲရှိသေးတာ ဒီမြေးလေးရောပဲ''
YOU ARE READING
More than just a fantasy(completed)
Fantasiaချစ်လျက်နဲ့ဝေးကွာခဲ့ရတဲ့ချစ်သူနှစ်ဦးပြန်လည်ပေါင်းစည်းနိုင်ပါ့မလား...