Unicode
More than just a fantasy
Chapter.9
''အခုမှငိုမနေနဲ့ ဒါမင်းအမှားပဲ''
''ကျွန်တော်ကမိုးကိုပဲချစ်တာမေမေရ''
''မင်းသာငါတို့ကိုဒီကိစ္စတွေပြောပြခဲ့ရင် အခုလိုပြဿနာတွေဖြစ်လာမှာမဟုတ်ဘူး အခုတော့မိုးကငါတို့မိသားစုကိုအရမ်းနာကြဥ်းသွားပြီ''
''ကျွန်မကမှအမေတို့ရဲ့ပထမဆုံးချွေးမပါအမေတို့ရဲ့ အဲ့မိန်းမကိုခေါင်းထဲထည့်မနေပါနဲ့''
''မင်းပါးစပ်ပိတ်ထားမိန်းမယုတ်မ'
''ဘာပြောတယ်''
အပြင်ဘက်ကကြားနေရတဲ့အသံတွေကြောင့် သူမတံခါးကိုမှီကာထိုင်ရင်းမျက်ရည်မဆည်နိုင်ဖြစ်နေခဲ့ရလေသည်။
အခုသူမနဲ့ကိုကိုတို့ဘယ်လိုရှေ့ဆက်ကြရမလဲ။
ဒီလောက်ကြီးမားတဲ့ပြဿနာကြီးကသူမတို့ကြားမှာဝင်ရောက်လာပြီမို့ သူမကိုကို့မိသားစုထဲဝင်ဖို့ဖြစ်နိုင်ပါဦးမလား။ဟင့်အင်း...မဖြစ်နိုင်ဘူးပေါ့။
ဒါပေမယ့်လည်းသူမမျှော်လင့်ချင်သေးတယ်။
ကိုကိုသာသူမကိုတစ်ကယ်ချစ်ရင်လက်လွှတ်မှာမဟုတ်ဘူး။
သူမနဲ့ပေါင်းထုတ်ဖို့အတွက်အကြံဉာဏ်ကောင်းတွေရှိမှာပါ။အတွေးနဲ့အတူသူမဘေးကဖုန်းလေးကိုကောက်ကာကိုကို့ထံဖုန်းဆက်လိုက်၏။
ကိုကိုကချက်ချင်းပဲဖုန်းကိုင်ခဲ့ပါတယ်။''ဟဲလို''
အသံကတော့အေးစက်နေခဲ့၏။
''ကိုကို...မီးတို့ကိစ္စက...''
''မနက်ဖြန်နေ့လည်တွေ့မယ် လမ်းထိပ်မှာစောင့်နေ''
''ဟုတ်ကိုကို...မီး''
သူမစကားမဆုံးခင်မှာပဲကိုကိုကဖုန်းချသွားလေ၏။
မနက်ဖြန်သူမကိုဘယ်လိုအရာတွေကကြိုဆိုနေမလဲမသိတော့ပါဘူး။
***
နောက်နေ့မှာပဲသူမလည်းကိုကို့အားလမ်းထိပ်မှာထွက်စောင့်နေလိုက်၏။
သူမစောင့်နေတာသိပ်မကြာသေးခင်မှာကိုကို့ကားလေးကသူမရှေ့မှာရပ်သွားပြီးလူကကားပေါ်ကနေဆင်းလာလေသည်။
YOU ARE READING
More than just a fantasy(completed)
Fantasyချစ်လျက်နဲ့ဝေးကွာခဲ့ရတဲ့ချစ်သူနှစ်ဦးပြန်လည်ပေါင်းစည်းနိုင်ပါ့မလား...