👑👑24 Uni👑👑

1.4K 21 0
                                    

👑ဘုရင့်မူပိုင်👑

                Segment 👑24👑

နှစ်ယောက်သားရန်ဖြစ်မဲ့အကြောင်းတွေ စကားတွေ
ရှောင်ရှားရင်းမှ တစ်ယောက်နဲ့တစ်ယောက်
ဖေးမကာ စာလုပ်ရင်းမှ လပတ်စာမေးပွဲရောက်လာ၏။

ကိုကို့အာဏာနဲ့ဘုံတို့နှစ်ယောက်တစ်ခန်းထဲ
ကျတဲ့အပြင် ဘေးချင်းကပ်ရပ်.....
တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ဖြေလိုက်နဲ့
ကျက်ထားတာတွေအသုံးဝင်ကာ နှစ်ယောက်လုံး
အောင်မြင်စွာဖြေဆိုနိုင်လေသည်။

“ကိုကိုဘယ်ဘာသာအားနည်းခဲ့လဲ...."

“အကုန်ရတယ်...."

“ဘုံလဲတူတူပဲ....."

နှစ်ယောက်သားအဖြေတွေပြန်တိုက်ရင်း
တူကြတာမို့ ကြည်နူးရပြန်၏။
ကိုယ်ယောင်္ကျားနဲ့ကျောင်းတူတူတက်ရတာ
ဘယ်လောက်တောင်ပျော်စရာကောင်းလိုက်သလဲ??
စာလဲအတူကျက်လို့ရ...အဖြေလဲတူတူတိုက်လို့ရ!!

ဆရာ ဆရာမတွေအကုန်သူတို့ကိုဘာမှ
မပြောတာမို့ ငွေရှိခြင်းရဲ့အကျိုးကိုခံစားမိသည်။
တစ်ဆက်တည်းဆုတောင်းလိုက်မိတာက
ငွေနဲ့ပတ်သတ်ပြီးကိုကိုနဲ့ဟိုနေ့ကလို
ရန်မဖြစ်ရပါစေနဲ့တော့!!!!

👑👑👑👑👑

နှစ်ယောက်လုံးအဖြေကောင်းထွက်တာမို့
မုန့်ပုံးတွေဝယ်ကာ ဆရာမဆီရောက်လာခဲ့သည်။

“သားနဲ့သမီးတို့ လာ...."

“ဆရာမဖို့ပါ....."

ဒီတစ်ခါတော့ဘုံကပဲ မုန့်ပုံးနှစ်ခုလုံးကို
ဆရာမရှေ့ရွှေ့ပေးလိုက်လေ၏။

“ဒါတွေမလိုပါဘူးကွယ် ဘာလို့ယူလာရပြန်တာလဲ...."

“ဆရာမကပညာပေးပြီး ဘုံတို့ကဘာမှ
ပြန်မပေးတတ်လို့ပါ ဒါကြောင့်မုန့်ကိုပဲ
လက်ခံပေးပါနော် နောက်ဆိုဘုံတို့
ဆရာမကိုအနှောင့်အယှက်မပေးတော့ပါဘူး...."

“အိုကွယ် အဲ့လိုပြောစရာမလိုပါဘူးသမီးရယ်
သမီးတို့နှစ်ယောက်ကိုသင်ပေးလိုက်ရလို့
ဆရာမရဲ့အသိတွေလဲလျော့ပါးမသွားပါဘူး
ဆရာမဆိုတာ ကျောင်းသားတွေကိုတတ်သည်အထိ
သင်ပေးနိုင်ရမယ် ဒါကြောင့်
ဆရာမလဲသမီးတို့နှစ်ယောက်
အခုလိုအောင်မြင်သွားတဲ့အတွက်ဝမ်းသာပါတယ်...."

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now