အပိုင်း(၁)Unicode

2.2K 64 2
                                    

"ချမ်းမြှေ့....ဒီနေ့ဘယ်လိုလဲ...cusတွေကအဆင်ပြေရဲ့လား"

လူငယ်တွေစုဝေးနေသည့်နေရာ၊ဒုစရိုက်မှုလုပ်သူတွေ၊မကောင်းတာလုပ်စားနေသည့်လူငယ်တွေစုဝေးနေသည့်နေရာလေးတစ်ခု။ကြီးကျယ်သည်၊ခမ်းနားသည်။ဒါပေမဲ့သူတို့လိုလူ​တွေအတွက်တော့မဟုတ်။

"ဒီလိုပါဘဲချိုရာ...ည​ကြရင်တော့အထူးဧည့်သည်တစ်ယောက်ရှိတယ်"

ဆေးလိပ်အား တစ်ချက်ရှိုက်ဖွာလို့ ခပ်မဲ့မဲ့လေးဆိုလာသည်။

"အဆင်ပြေပါစေသူငယ်ချင်းကြီးရာ"

သဒ္ဒါချိုဆိုတာ သူ့လိုမိန်းမကလေးတစ်​ယောက်။သူနဲ့ချိုက မိဘမဲ့တွေ။သိတတ်စအရွယ်ထဲက မိဘမဲ့ဂေဟာတစ်ခုမှာကြီးပြင်းလာခဲ့ရသည့် ဘဝတူသူငယ်ချင်းတွေ။တစ်နေ့တော့ သူတို့ဂေဟာလေးပိတ်သိမ်းခဲ့ရသည်။သူတို့လို မိဘမဲ့ကလေးတွေရဲ့ ဘဝတွေအတော်​​​မြောက်မြားပျက်စီးခဲ့ရသည်။သူနဲ့ချိုအပါအဝင်ပေါ့။

၁၂နှစ်အရွယ်မှာထဲက နေစရာအိမ်မရှိသည့် သူတို့အတွက် လမ်းပေါ်မှာသာ နေ့ရက်တော်တော်များများကိုဖြတ်သန်းခဲ့ရလေသည်။လူငယ်သဘာဝ ထိန်းကွပ်ဖေးမမည့်သူမရှိသည့်အခါ ကောင်းသည်၊ဆိုးသည်ကို မဝေဖန်နိုင်တော့ပါဘဲ ပိုက်ဆံနောက်လိုက်ရင်း မကောင်းတဲ့အရာမှန်သမျှလုပ်တတ်လာသည်။ခိုးသည်၊လုသည်၊အရက်သေစာ၊မကောင်းသည့်အရာမှန်သမျှတတ်မြောက်လာသည်။နောက်ဆုံးတော့ ပိုက်ဆံနောက်လိုက်ရင်း ရမ္မက်နွံထဲနစ်မြုပ်လို့ ဘဝတွေပါပေးဆပ်ခဲ့လိုက်ရသည်။

"ချို...နင်ဒီအလုပ်တွေမလုပ်စမ်းပါနဲ့ဟာ...နင်နဲ့ဒီအလုပ်တွေနဲ့က မလိုက်ဖက်ဘူးဟ"

သူဆိုလေတော့ ချိုက ခပ်သော့သော့လေးရယ်လာသည်။

"ချမ်းမြှေ့ရယ်...ငါတို့တွေကဘဝပါပျက်ပြီးနေပြီပဲ...ဒီလောကက​နေ ပြန်ထွက်တော့​ရောအပျိုပြန်ဖြစ်တော့မှာမှမဟုတ်တော့တာ"

စကားလုံးတွေနဲ့မလိုက်ဖက်စွာ အသံမှာ ဝမ်းနည်းမှုတို့ပါဝင်နေသည်။ချမ်းမြှေ့က လက်ထဲက ကုန်ခါနီးဆေးလိပ်အား လမ်းပေါ်ပစ်ချလို့ ခြေထောက်ဖြင့် တတ်နင်းကာ ငြှိမ်းလိုက်သည်။

ရမ္မက်နွံထဲဝယ်Where stories live. Discover now