အပိုင်း(၂၁)Zawgyi

60 3 0
                                    

"ချိုကတော်လိုက်တာနော်ဝေယံ"

ပွဲကအပြန် ချမ်းမြှကေ့ဝေယံခေါက်ဆွဲဆိုင်လိုက်မည်ဟု ပြောလာသည်ကြောင့် နှစ်ယောက်အတူကားမစီးပါဘဲ လမ်းလျှောက်သာပြန်လာလိုက်ကြသည်။ပုခုံးချင်းယှဉ်လျှောက်ရင်းမှ ဘေးကချမ်းမြှကေ့ သူ့သူငယ်ချင်းမလေးကိုချီးကျူးလေသည်။ချမ်းမြှကေ့သူငယ်ချင်းစိတ်ဓာတ်အပြည့်အဝရှိသူတစ်ယောက်ပင်။သူ့အနားရှိတဲ့မည်သူ့ကိုမဆို နွေးထွေးမှုအရိပ်အမြုံလေးတွေပေးတတ်သလို လုံခြုံမှုတို့လည်းပေးတတ်သေးသည်။

"ဟုတ်တယ်...ပွဲလာတဲ့သူတွေတော်တော်များများကလည်း သူ့ကိုသဘောကျနေကြတယ်"

ဝေယံကပါချီးကျူးစကားဆိုလိုက်သည့်အခါ ချမ်းမြှမျေ့က်နှာလေးက ပိုဝင်းပသွားတော့၏။ဒါဟာသူငယ်ချင်းတစ်ယောက်ရဲ့ အောင်မြင်မှု၊လုပ်နိုင်မှုအပေါ် သူရဲ့ဝမ်းသာပိတိဖြစ်ရသည့်အပြုံး။

"ဝေယံ...ချိုကပြောတယ်သိလား...ငါ့လက်ကောက်ကဈေးကြီးမယ့်ပုံပဲတဲ့"

ချမ်းမြှစေ့ကားကိုဝေယံက မလုံမလဲဖြစ်သွားသည့်ဟန်။

"ဒါပေမဲ့ ငါလျှော့ဈေးနဲ့ဝယ်လာတာ"

"မင်းပြောတော့ဈေးထဲကအဘွားကြီးဆီကဝယ်လာတာဆို"

"အေးလေကွာ...ဈေးထဲကအဘွားကြီးကလျှော့ဈေးနဲ့ရောင်းလို့ ငါဝယ်လာလိုက်တာလို့ပြောတာလေ"

"သြော်"

ဝေယံရဲ့အစီအလျော်မတည့်သည့်စကားတွေကြောင့် လိမ်နေမှန်းချမ်းမြှသေိ့ပါသော်လည်း ဝေယံအခက်တွေ့နေမည်စိုးတာကြောင့် ဆက်မမေးဖြစ်တော့ပါ။

"ငါတို့လက်ချင်းတွဲပြီးလမ်းလျှောက်ကြမလားချမ်းမြှေ့"

ဝေယံကဆိုတော့ ချမ်းမြှကေ့ဝေယံမျက်နှာထံမော့ကြည့်လာသည်။ခဏအကြာ သူ့လက်သန်းလေးထံလာချိတ်တဲ့ ဝေယံရဲ့လက်သန်းကိုကြည့်လို့ ချမ်းမြှေ့ပြုံးလိုက်မိသည်။

'ငါမင်းလက်လေးကိုကိုင်ချင်မိပေမယ့် လက်သန်းလေးကိုသာ ချိတ်ခွင့်ရမယ်ဆိုရင်တောင်ငါကျေနပ်ပါတယ်'

အပြန်လမ်းတစ်လျှောက်လုံးချမ်းမြှစေိ့တ်အခြေအနေတွေကောင်းနေတာမို့ ဖုံးဖိလို့မရတဲ့ပျော်ရွှင်မှုတို့ကြောင့် မျက်နှာလေးသည်ဝင်းပကာ နှုတ်ခမ်းပါးတို့သည်လည်း ပြုံးလို့နေသည်။

ရမ္မက်နွံထဲဝယ်Where stories live. Discover now