အပိုင်း(၉)Zawgyi

135 3 0
                                    

"ကောင်လေး"

"ပြောလေကိုအောင်ခန့်ကျော်...ကျွန်တော်တို့ရောက်နေတာဖြင့် ကြာလှပြီ....အခုထိပြောစရာရှိတာကိုမပြောသေးဘူးနော်"

ချမ်းမြှကေ့စိတ်မရှည်သလိုပြောတော့ ထိုလူကရယ်သည်။

"ကိုယ်ပြောသင့်မပြောသင့်စဉ်းစားနေရလို့ပါကောင်လေးရ...စကားတစ်ခွန်းကိုနှုတ်ကလွယ်လွယ်ထွက်လိုက်မိရင် ကိုယ်ကြိုးထာရတဲ့ ဆက်ဆံရေးတစ်ခုကပျောက်ပျက်သွားနိုင်တယ်လေ...ဒါပေမယ့်ကိုယ်ပြောမယ့်စကားကို ကောင်လေးစိတ်မဆိုးပါဘူးလို့ ကတိပေးနိုင်မလား"

"ဘာစကားများဖြစ်နေလို့ပါလဲကိုအောင်ခန့်ကျော်"

"ကိုယ်မင်းကိုချစ်တယ်ကောင်လေး"

"ဘာများလဲလို့ကိုအောင်ခန့်ကျော်ရယ်"

ချမ်းမြှကေ့ရယ်ရင်းဆိုတော့ ထိုလူကအံ့သြသလိုကြည့်လာသည်။

"ကောင်လေးမအံ့သြသွားဘူးလား"

"အင်းနည်းနည်းပေါ့"

"ဒါဆိုကိုယ့်ကိုလက်ခံမလားကောင်လေး"

"ကျွန်တော်ငြင်းပါရစေကိုအောင်ခန့်ကျော်"

အောင်ခန့်ကျော်ထင်တာက ကောင်လေးကသူ့လိုလူမျိုးကိုသေချာပေါက်လက်ခံလိမ့်မည်ဟုပင်။သို့သော် လက်တွေ့မှာတော့ကောင်လေးကတစ်ချက်တောင်မစဉ်းစားပါဘဲ ချက်ချင်းကိုအငြင်းစကားပြုလာသည်။

"ဘာလို့ငြင်းရတယ်ဆိုတာကိုယ်သိခွင့်ရနိုင်မလား...ကိုယ့်လိုပြည့်စုံတဲ့လူကိုငြင်းစေနိုင်လောက်တဲ့အချက်မျိုးကို ကိုယ်သိချင်တယ်"

အောင်ခန့်ကျော်စကားကို ချမ်းမြှကေ့ထပ်ရယ်သည်။

"လောကမှာပြီးပြည့်စုံတဲ့လူဆိုပြီးရှိလို့လားကိုအောင်ခန့်ကျော်"

အောင်ခန့်ကျော်ကမဖြေဘဲ ခေတ္တမျှတိတ်ဆိတ်နေသည်။ကောင်လေးကသူပြောလိုတာကို ဆက်၍ပြောလာသည်။

"ကိုအောင်ခန့်ကျော်ကိုသိစေချင်တာက ပိုက်ဆံရှိတာနဲ့ အရာအားလုံးကပြည့်စုံမသွားပါဘူးနော်...စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ ငွေနဲ့ဝယ်ယူလို့မရဘူး....ကျွန်တော်ပြောတာစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုနော်"

ရမ္မက်နွံထဲဝယ်Where stories live. Discover now