အပိုင်း(၁၂)Unicode

467 21 2
                                    

ညကသောက်ထားသည့်အရှိန်​ကြောင့် မနက်မိုးလင်းတော့ ချမ်းမြှေ့တစ်ယောက် ခေါင်းတွေထိုးကိုက်လာတော့သည်။ချိုကတော့သံပုရာရည်တစ်ခွက်ဖျော်လို့ သူ့ထံထိုးပေးလာသည်။

"ခေါင်းကြည်အောင်သောက်လိုက်ချမ်းမြှေ့"

ချိုပေးတဲ့သံပုရာရည်ခွက်အား အကုန်မော့သောက်ပစ်လိုက်​တော့ ချဥ်စူးစူးအရသာကြောင့် စောနကမူးချင်လို့နေသည့်ခေါင်းက နည်းနည်းပြန်ကြည်လာကာ နေရတာအဆင်ပြေလာသည်။

"ငါရေမိုးချိုးစားသောက်ပြီးမှသာ ပြန်တော့မယ်ချိုရာ"

"သဘော...ငါနင်ကြိုက်တဲ့ဝက်သုံးထပ်သားကိုတရုတ်ချက်ချက်ပေးထားမယ်"

ချိုဟာအပြစ်အနာဆာတွေရှိသည့်မိန်းကလေးတစ်ယောက်ဆိုသော်ငြား သေချာပြုပြင်လို့ပြောင်းလဲပေးရင် လှပလိုက်မယ့်ပန်းလေး၊တန်ဖိုးရှိလိမ့်မယ် ပန်းပွင့်လေး။

'ဒီနေ့လည်းငါအရှက်မဲ့စွာ မင်းဆီထပ်လာရမလားဝေယံ...ငါ့ကိုမကြိုဆိုမှန်းသိပေမယ့် မျက်နှာပြောင်တိုက်ပြီးငါမင်းဆီလာခဲ့ရမလား...ငါဆိုတဲ့ကောင်ကလောကကြီးကိုသာ အရွဲ့တိုက်ပစ်ရဲတာ မင်းကိုတော့မျက်နှာပြောင်မတိုက်ရဲဘူးဝေယံ...မင်းငြိုငြင်မှာ၊ငါတို့သူငယ်ချင်းဆက်ဆံရေးလေးပျက်စီးသွားမှာကို သေအောင်ကြောက်တာကွ'

ရေချိုပြီးမီးဖိုချောင်ခန်းထဲဝင်သွားသော ချိုကအစစအရာရာပြင်ဆင်ပြီးသွားလေပြီ။ကျောလယ်လောက်ထိရှည်တဲ့ဆံပင်တို့အား ကျစ်ဆံမြီးနှစ်ဖက်ခွဲလေးကျစ်လို့ ပါးပြင်၌လည်းသနပ်ခါးတို့လိမ်းခြယ်ထားကာ ပါးကွက်ကြီးကြီးနှစ်ခုကလည်းပါးပြင်ရဲ့ဘယ်တစ်ခု၊ညာတစ်ခုနေရာယူလို့ထားသည်။

အနက်ကွက်ဝမ်းဆက်ရင်ဖုံးနဲ့အင်္ကျီအား ဝတ်ဆင်ထားလို့ သူ့အားအတောက်ပဆုံးပြုံးပြလာသည်။သူလည်းချို့ကိုပြန်ပြုံးပြရင်း ထမင်းစားပွဲ၌ဝင်ထိုင်လိုက်သည်။ထမင်းစားပွဲခေါင်းရင်းထိပ်၌ ပြင်ပေးထားသောထမင်းဟင်းပန်းကန်တို့က အဆင်သင့်။

"ထည့်စားချမ်းမြှေ့....ပြီးရင်တော့ ကျသလောက်ရှင်းပေးခဲ့ပေါ့"

ရမ္မက်နွံထဲဝယ်Where stories live. Discover now