"ချမ်းမြှေ့"
ကိုအောင်ခန့်ကျော်ဆီကအပြန် ရင်ထဲနေ၍မကောင်းသည်ကြောင့် ချို့အိမ်သူသွားလိုက်သည်။
"အရက်သောက်ကြမလားချို"
သူမေးတော့ချိုကငြင်းသည်။
"နင်အခုတောင်မူးနေတာမဟုတ်ဘူးလား"
"နည်းနည်းပဲသောက်လာတာပါဟ"
"တော်တော်...နင်မူးရင်ရစ်တဲ့ဒဏ်ငါမခံနိုင်ဘူးဟဲ့...နင်ကမူးလာရင်စောက်ရမ်းစကားများလွန်းတယ်"
ချို့စကားကိုချမ်းမြှကေ့အသံထွက်သည်အထိရယ်သည်။
"ဝေယံဆိုငါရစ်သမျှ သည်းခံပေးတယ်...နင်နဲ့များကွာပ"
ချမ်းမြှကေ့နှာရှုံ့လို့ဆိုတော့ ချိုကမျက်စောင်းလေးခဲသည်။
"အဲ့ဒါဆိုလဲဝေယံဆီသွားလေ...ဘာလို့များငါ့ဆီလာနေရသေးလဲ"
"အေးနော်...ဟုတ်တယ်....ငါဝေယံဆီပဲ သွားတော့မယ်"
ချို၏ပြန်ဖြေစကားကိုတောင်မစောင့်ပါဘဲ ထွက်သွားသောသူငယ်ချင်းက အရက်နည်းနည်းဝင်ပြီဟေ့ဆိုရင် အသဲယားစရာကောင်းလွန်းပါသည်။
ချမ်းမြှလေ့မ်းလျှောက်လာရင်းမှ ဝေယံဆိုင်ကိုလှမ်းမြင်နေရသည်။ဆိုင်ထဲကဝေယံထွက်လာသည်ကိုမြင်တော့ လက်ပြလို့ကိုယ့်ကိုမြင်အောင်ဝှေ့ယမ်းပြသည်။
ဝေယံကသူ့ကိုမမြင်ပါဘဲ ခေါက်ဆွဲဆိုင်ကိုပိတ်ရန်ပြင်နေသည်။သူလည်းခပ်သွက်သွက်ခေါက်ဆွဲဆိုင်ဆီပြေးသွားလို့ ပိတ်လုစဲစဲဖြစ်လို့နေသည့်တံခါးဝရှေ့ပိတ်ရပ်လိုက်တော့သည်။
မနက်ဝေလီလင်းသည့်အချိန်ထိတောင် သူမလာမချင်းထိုင်စောင့်တတ်သည့်ဝေယံက ယခုတော့ ဆိုင်တံခါးပါပိတ်နှင့်နေပြီဖြစ်သည်။'မင်းငါ့အပေါ်တကယ်ကြီး မချစ်တော့တာလားဝေယံ....မင်းငါ့ကိုမချစ်ဘဲနေနိုင်အောင် ကြိုးစားလို့ရသွားလေပြီလား....ငါအထပ်ထပ်ပြောတယ်လေဝေယံရာ...မင်းပြောင်းလဲလိုက်လို့မဖြစ်ပါဘူးလို့'
"ခေါက်ဆွဲလာစားတာလားချမ်းမြှေ့...ဒါဆိုရင်တော့ ကုန်သွားလို့ငါတောင်ဆိုင်ပိတ်တော့မှာ"
YOU ARE READING
ရမ္မက်နွံထဲဝယ်
Romance"အချစ်...ဟက်...အလကားအရေးမပါလိုက်တာ" "အချစ်ဆိုတာ မီးတောက်တစ်ခုထက်မပိုဘူး...အချစ်ဆိုတာရုပ်ရှင်မဆန်ဘူး...အချစ်ဆိုတာ ကဗျာဆန်မနေဘူး....ပြီးတော့အချစ်ဆိုတာ ငါ့အတွက်လည်းမလိုအပ်ဘူး"