အပိုင်း(၁၈)Unicode

259 14 2
                                    

ချို့ကိုလမ်းလျှောက်နည်း၊postပေးနည်းကစလို့ အကုန်အစစအရာရာသင်တန်းပေးရသည်မှာ အောင်ခန့်ကျော်တာဝန်ဖြစ်လို့သွားခဲ့လေသည်။သင်ပေးသမျှကို စိတ်ပါဝင်စားစွာသေချာလိုက်လုပ်နေပါသောသူကိုကြည့်လို့ သူမကတော့ဆရာသင်ပေးသမျှကို ဂရုတစိုက်မှတ်သားနေပုံရသည်။လှသွေးကြွယ်လွန်းသည့်ကောင်မလေးက တစ်ခါတလေချစ်စရာကောင်းသလို တစ်ချို့အချိန်များတွင်ဆိုရင်လည်း အရိုင်းဆန်ဆန်လှသွေးကြွယ်တတ်သေးသည်။

"ကောင်မလေးကသင်လွယ်တတ်လွယ်သားပဲကိုကျော်...ဒီပုံစံအတိုင်းဆို ဒီကောင်မလေးအနုပညာလမ်းကြောင်းအထိပါလျှောက်လှမ်းလို့ရနိုင်ချေရှိတယ်"

သင်ပေးတဲ့ဆရာက သူတို့ကိုထိုင်ကြည့်နေပါသော အစ်ကို့ကိုပြောသောအခါ ချိုရှက်ပြုံးလေးပြုံးမိသလို စိတ်ထဲ၌လည်းကိုယ့်ကိုယ်ကိုဂုဏ်ယူမဆုံးဖြစ်မိလေသည်။မည်သူမဆို ကိုယ့်အကြောင်းကိုသူတစ်ပါးကချီးမွမ်းပြောဆိုလာသည့်အခါ အနည်းနဲ့အများတော့ ဂုဏ်တတ်မိကြမှာပဲလေ။

"ကျန်တဲ့ဟာတွေကတော့ ဒီနှစ်ပတ်အတွင်းပြီးစီးမယ်ပြောတယ်....သူကရောနှစ်ပတ်အတွင်းသင်ကြားလို့ပြီးနိုင်ပါ့မလား"

brandအတွက် ဝတ်စုံတွေကစလို့်အစစအရာရာပွဲဦးထွက်အတွက် အကုန်စီစဥ်လို့ပြီးတာမို့ ကောင်မလေးကိုနှစ်ပတ်အတွင်းပွဲထုတ်လို့ရနိုင်ချေရှိလားဆိုတာသူမေးရမည်။

"နှစ်ပတ်မှမဟုတ်ဘူးကိုကျော်....တစ်ပတ်အတွင်းတောင်ဒီကောင်မလေးတတ်တယ်"

ဆရာရဲ့စကားကြောင့်ထပ်ပြီး သူမပြုံးလိုက်မိသည်။

"မင်းဟာကအဲ့လောက်တောင်ပဲလားကွ"

အောင်ခန့်ကျော်မယုံသလိုထပ်မေးလာလေသည်။

"စိတ်ချဆရာ...မော်ဒယ်မချောချောလေးနဲ့ဆရာ့brandနဲ့ကလုံးဝperfectဖြစ်နေမှာ"

နည်းပြရဲ့အပြောကို အောင်ခန့်ကျော်ကခေါင်းသာညိတ်ပြရင်း သူတို့ပြန်လေ့ကျင့်နေကြသည်ကိုသာ ထိုင်ကြည့်နေလိုက်သည်။

ညဘက်(၈)နာရီလောက်ထိလေ့ကျင့်ရတာမို့ ဟိုတစ်​ယောက်အိမ်ပြန်ရင်အခက်တွေ့မည်စိုးတာရယ်၊နည်းပြနဲ့ထိုအချိန်ထိ နှစ်ယောက်ထဲထားခဲ့ရမည်ကိုစိတ်မချတာရယ်​ကြောင့်သာ သူထိုင်စောင့်ပေးနေခြင်းပင်။

ရမ္မက်နွံထဲဝယ်Where stories live. Discover now