အပိုင်း(၁၇)Unicode

272 20 1
                                    

"ဝေယံရေ"

ချမ်းမြှေ့က ကျောက်ကျောဗူးထုတ်လေးကိုဝေ့ယမ်းလို့ ခုန်ပေါက်ကာ ဝေယံဆိုင်ထဲဝင်လာသည်။ဆိုင်ပိတ်ချိန်ရောက်ပြီမို့ ဝေယံကဆိုင်ပိတ်ပြီဆိုတဲ့ဆိုင်းဘုတ်လေးချိတ်ထားသော်လည်း ချမ်းမြှေ့အတွက်တော့ တံခါးအမြဲဖွင့်ပေးထားသည်။

"ရိုးရိုးလာပါချမ်းမြှေ့ရယ်...ငါဆိုင်မပိတ်ပါဘူးကွ"

"ရော့...မင်းအတွက်ကျောက်ကျော...ချိုကဒီနေ့ကျောက်ကျောလုပ်ကျွေးလို့ မင်းစားဖို့အတွက်ငါယူလာပေးတာ"

ချမ်းမြှေ့ကသူ့လက်ထဲမှကျောက်ကျောဗူးလေးအား ဝေယံရှေ့ထိုးပေးလာသည်။

"ကျေးဇူးပဲချမ်းမြှေ့"

ဝေယံကကျောက်ကျောဗူးအားယူလို့ ကျေးဇူးတင်စကားဆိုပြီးနောက် ဆိုင်နောက်ဖေးဘက်ဝင်သွားလေသည်။ချမ်းမြှေ့ကတော့ သူနဲ့ဝေယံရဲ့ပန်းချီကားရှိရာဆီသွားလို့ ပန်းချီကားလေးအား ကြည့်မဝနိုင်၊ရှု့မဝနိုင်ဖြစ်နေတော့သည်။

ကျောက်ကျောပန်းကန်နှင့်အတူ ခေါက်ဆွဲပြုတ်ပန်းကန်ကိုပါ လင်ဗန်းတစ်ခုထဲထည့်လို့ သယ်​လာတဲ့ဝေယံက ထိုဗန်းအားစားပွဲပေါ်ချရင်း ချမ်းမြှေ့အားခုံမှာလာထိုင်ရန်လှမ်းခေါ်သည်။

တတ်ကြွတဲ့ခြေလှမ်းတို့နဲ့ချမ်းမြှေ့က အရင်ကလို့ ထိုင်းမှိုင်းနေတဲ့ပုံစံမျိူးနှင့်လားလားမှမသက်ဆိုင်။

"ပန်းချီကားကဘာတွေများထူးဆန်းနေလို့ခဏခဏ သွားသွားကြည့်နေတာလဲ"

"ငါသဘောကျလို့ပါဝေယံကလည်း"

"အဲဒါဆိုမင်းအိမ်ယူသွားမလားချမ်းမြှေ့"

ဝေယံကရွဲ့သလိုဆိုတော့ ချမ်းမြှေ့ကခေါင်းခါပြသည်။

"မင်းဆိုင်မှာထားတော့ လူတွေအကုန်မြင်ရတယ်လေ...အဲဒါမှ မင်းငါ့အပေါ်ဘယ်လောက်ထိမြတ်နိုးတယ်ဆိုတာ မင်းဆိုင်လာသမျှလူတိုင်းသိမှာ"

ဝေယံကချမ်းမြှေ့ကိုမနိုင်ဘူးဆိုတဲ့သဘောမျိုးနဲ့ခေါင်းသာခါပြသည်။

"မင်းဟာကလည်းအသားနည်းလိုက်တာ"

ခေါက်ဆွဲပန်းကန်ကိုကြည့်လို့ နှာခေါင်းရှုံ့နေသော ချမ်းမြှေ့ကြောင့် ခေါက်ဆွဲပန်းကန်အားဝေယံကြည့်မိတော့လည်း အဲ့သလောက်ထိအသားမနည်းပါ။

ရမ္မက်နွံထဲဝယ်Where stories live. Discover now