အပိုင်း(၁၄)Zawgyi

127 1 0
                                    

အချိန်သည်ကား အတော်ကိုညဥ့်နက်လို့နေလေပြီ။ဝေယံကလည်းသူ့အားပြန်မလွှတ်သလို သူကလည်းဝေယံဆိုင်ကနေမပြန်သေးပါ။

"ချိုကငါ့ကိုပြောတယ်သိလားဝေယံ...ငါတို့တွေဟာလည်း ငါတို့ချစ်တဲ့သူအပေါ်ကို ချစ်တယ်လို့ရဲရဲဝင့်ဝင့်ပြောပိုင်ခွင့်ရှိကြတယ်တဲ့လေ...ငါတို့လူတွေကတကယ်ပဲအဲ့လိုပြောခွင့်ရောရှိလို့လားဝေယံ"

ချမ်းမြှရေဲ့အသံတို့က အက်ကွဲနေသည်။ညနေကတည်းက အခုချိန်ထိမပြန်သေးတဲ့ချမ်းမြှကေ့ အခုလည်းသူ့ရင်ထဲကခံစားချက်တို့အား ကိုယ့်ကိုဖွင့်ဟလို ရင်ဖွင့်နေလေသည်။

"ဟုတ်မှာပေါ့...မင်းတို့လဲလူတွေပဲလေ...မင်းတို့သဘောကျတဲ့လူကိုသဘောကျတဲ့အကြောင်းတဝကြီးပြောနိုင်ပါတယ်"

"လူတွေက ငါတို့တွေကို ညငှက်တွေလို့တင်စားကြတယ်တဲ့ဝေယံ...ဟက်..တအားတွေကဗျာဆန်လွန်းမနေဘူးလား"

ညငှက်လေးတွေဟာ လွတ်လပ်စွာပျံသန်းခွင့်မရှိတဲ့ ကမ္ဘာပေါ်ကတစ်ခုတည်းသော အတောင်ပံမဲ့လို့နေသည့်ငှက်ငယ်ကလေးတွေ။ကောင်းကင်ထက်ဝယ် အတောင်ပံတို့ကိုဖြန့်ကျက်လို့ လွတ်လပ်စွာပျံသန်းလို့နေကြသည့် ငှက်ကလေးတွေကိုကြည့်ရင်း ရိုက်ချိုးခံထားရတဲ့အတောင်ပံတွေနဲ့မပျံသန်းနိုင်တော့လည်း ငေးကြည့်ကာအားကျနေရုံပေါ့။

"ဒါဆိုမင်းကမင်းကိုဘယ်လိုများတင်စားစေချင်တာလဲ"

ဝေယံအမေးကိုချမ်းမြှမေ့ဖြေသေးပဲ ဘောင်းဘီအိတ်ကပ်ထဲမှ ဆေးလိပ်ဘူးအားအရင်ထုတ်လိုက်သည်။ထို့နောက်ဘူးထဲမှဆေးလိပ်အားထုတ်လို့ နှုတ်ခမ်းထက်တေ့ကာ ထိပ်စအား ဖျောက်ကနဲမီးညှိလိုက်၏။ပြီးနောက်တစ်ချက်ရှိုက်ဖွာလို့ အငွေ့တွေ့အား ခေါင်းမော့လို့မှုတ်ထုတ်ပစ်လိုက်သည်။လွင့်မျောသွားသောဆေးလိပ်ငွေ့တွေကိုငေးကြည့်နေရင်းမှ စောနကဝေယံအမေးကိုအဖြေပြုလိုက်လေသည်။

"အရာရာတိုင်းဟာ သူ့ဘာသာနေရင် လှပနေပေမယ့် သူတစ်ပါးအပေါ်ပေးဆပ်လိုက်မိရင်တော့ ပျက်စီးသွားတတ်ရတာသဘာဝပဲလေမဟုတ်လေဘူးလား...ဥပမာနှင်းဆီပန်းလေးတွေလိုပေါ့...သူ့ဘာသာအပင်မှာ တည်ရှိနေရင် ဘယ်လောက်တောင် လှပလို့တင့်တယ်နေလိုက်မလဲ...ဒါပေမယ့် သူတစ်ပါးလှဖို့ပေးဆပ်လိုက်ရတဲ့အခါ သူ့တို့ဘဝကရှင်လျက်နဲ့ သေဆုံးသွားခဲ့ရတယ်လေ...တန်ဖိုးမထားတတ်တဲ့သူလက်ထဲသာရောက်သွားလို့ကတော့ ထိုလှပတဲ့နှင်းဆီပွင့်လေးက ဘယ်လောက်တောင်နင်းချေဖျက်ဆီးခံလိုက်ရလို့ အကျည်းတန်သွားရလိမ့်မလဲ....ငါ့ကိုညငှက်လေးလို့တင်စားမယ့်အစား နှင်းဆီပန်းနီနီလေးတစ်ပွင့်လို့သာတင်စားပေးပါဝေယံ...အဲ့လိုတင်စားခံရတာကို ပိုသဘောကျတယ်"

'အချစ်ကိုကော်ဖီတစ်ခွက်လို့တင်စားကြမယ့်အချိန်မှာ ကျွန်တော်ကတော့ နှင်းဆီတစ်ပွင့်အဖြစ်တင်စားချင်ပါသည်။နှင်းဆီပန်းလေးကိုတော့ ခူးဆွတ်နိုင်ခဲ့ပါရဲ့...သွေးစိမ်ရှင်ရှင်ကျနေသည့် လက်ဖဝါးနှစ်ဖက်ကိုတော့ ဥပေက္ခာပြုထားရသည်မှာ အဆုံးထိကိုနာကျင်လွန်းလှသည်မဟုတ်လား...နာလည်းလွှတ်မှမချနိုင်ပဲ...ဆက်ပြီးအနာခံရုံပဲရှိတာပေါ့'

ဝေယံကချမ်းမြှေ့၏ပါးလျလျမျက်နှာလေးအား တမြတ်တနိုးငေးကာကြည့်နေရင်းမှ

"မင်းတကယ်ကြီးအဲ့အလုပ်ကိုစွန့်လွှတ်လိုက်ပြီလားချမ်းမြှေ့"

သူမေးတော့ချမ်းမြှကေ့ခေါင်းညိတ်ပြသည်။

"အင်း...ငါမင်းစကားကိုနားထောင်လိုက်ပြီဝေယံ"

ချမ်းမြှစေ့ကားကိုဝေယံကနှစ်နှစ်ခြိုက်ခြိုက်ပြုံးလာသည်။

"ဘာလို့နားထောင်လိုက်တာလဲချမ်းမြှေ့"

"ငါမင်းကို အချုပ်အနှောင်ကင်းကင်းနဲ့လွတ်လွတ်လပ်လပ်ချစ်ချင်လို့ပေါ့ဝေယံရာ"

ချမ်းမြှေ့၏အသံလေးသည် တဖြည်းဖြည်းချင်းတိုးညှင်းလို့တိမ်ဝင်သွားလေသည်။

"အခုမှလားချမ်းမြှေ့"

ချမ်းမြှကေ့ခေါင်းကိုဖြည်းညှင်းစွာခါလိုက်သည်။

"ငါကအရင်မင်းကိုစချစ်ခဲ့ရတာပါဝေယံရာ....ဒါပေမဲ့မင်းသိလား....ငါ့အဖြစ်ကလေ မီးတောင်ထိပ်မှာလာနားမိတဲ့ ငှက်ကလေးလိုပါပဲ...မီးတောင်ဟာ ဘယ်အချိန်မဆိုထပေါက်ကွဲနိုင်တယ်ဆိုတာကိုလည်းငါသိတယ်...ချော်ရည်တွေဟာ ပူလောင်စေမယ်မှန်းလည်းသိတယ်...အဲ့ပူလောင်မှုတွေ၊စိုးရိမ်မှုတွေကနေ လွတ်မြောက်ဖို့အတွက် ဟိုးအဝေးဆုံးကိုပျံသန်းနိုင်တဲ့ အတောင်ပံတွေပါလာမှန်းလည်းငါတို့သိတယ်...ပျံလည်းပျံသန်းနိုင်ခဲ့တယ်....ဒါပေမယ့် အားမရှိခဲ့ဘူးဝေယံ...အတောင်ပံတစ်ချက်ရဲ့ရိုက်ခက်မှုတွေမှာ ဘယ်လောက်တောင် နင့်နေအောင် နာကျင်ရလည်းဆိုတာ မင်းမသိနိုင်ဘူးမှတ်လား"

ချမ်းမြှကေ့စကားလုံးတစ်လုံးချင်းစီတိုင်းကို စို့နင့်စွာ နာနာကျင်ကျင်ပြောနေသည်။

'မင်းကမီးတောင်ထိပ်မှာရပ်နေတဲ့ငှက်ငယ်လေးတစ်ကောင်ဆို ငါကအဆုံးအစမဲ့တဲ့သမုဒ္ဒရာထဲက ငါးလေးတစ်ကောင်ပဲပေါ့...နီးစပ်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလေမဟုတ်ဘူးလား'

☁☁☁☁☁

ရမ္မက်နွံထဲဝယ်Where stories live. Discover now