အပိုင်း(၂၇)Unicode

109 11 1
                                    

"ဒီနေ့ညနေပိုင်းကနေစပြီးအားတယ်ဆိုတော့ ကိုယ်တို့dateကြမလားကလေးမ"

ရိုက်ကွင်းမှလူများအားလုံးအသီးသီးပြန်သွားကြလေပြီ။ချိုရယ်၊ကိုအောင်ခန့်ကျော်ရယ်သာ ကျန်ခဲ့ကြ၏။ချိုကစားပွဲပေါ်ကပစ္စည်းအားလုံးကို သေချာစစ်လို့သိမ်းဆည်းနေလေသည်။

"အစ်ကိုမပြန်သေးဘူးလား...ချိုကဒီနေ့ချမ်းမြှေ့ဆီသွားရင်ကောင်းမလားလို့"

ချိုကအိတ်တစ်ဖက်အားသယ်ရင်းဆိုတော့ အောင်ခန့်ကျော်ကထိုအိတ်အားယူသယ်သည်။

"ဒါဆိုလည်းအဲ့ဆိုင်မှာပဲသွားdateကြမယ်လေ"

ချိုကအောင်ခန့်ကျော်လက်မောင်းကိုချိတ်ရင်း ခေါင်းညိတ်ပြသည်။ကားပါကင်ဆီရောက်တော့ အောင်ခန့်ကျော်က အိတ်ကိုအနောက်ခန်းထဲထည့်ရင်း ချို့ဘက်ကကားတံခါးအားဖွင့်ပေးလာ၏။

"ချမ်းမြှေ့ကိုတော်တော်ပဲခင်သလားကလေးမ"

ကားမောင်းရင်းမေးလာတဲ့အောင်ခန့်ကျော်စကားကို ချိုကမဆိုင်းမတွခေါင်းညိတ်ပြသည်။

"ခင်တယ်ဆိုတာထက် ချို့ရဲ့အစ်ကိုတစ်ယောက်လိုမျိုးချစ်တာအစ်ကို"

"ကိုယ့်ကိုရော"

"ချစ်တာခြင်းတူပေမဲ့ချစ်ပုံခြင်းတော့ဘယ်တူပါ့မလဲအစ်ကိုရယ်....အစ်ကိုတစ်ယောက်လိုချစ်တာနဲ့ ချစ်သူရည်းစားကိုချစ်ပုံချစ်နည်းခြင်းတော့ဘယ်တူပါ့မလဲ...သေချာတာကတော့ အစ်ကိုရော၊ချမ်းမြှေ့ရောကချို့ဘဝအတွက်မရှိမဖြစ်လိုအပ်ရတဲ့သူတွေပါ"

အောင်ခန့်ကျော်ကမီးပွိုင့်ရောက်တော့ ကားကိုရပ်လို့ ချို့ဘက်ကိုလှည့်ကြည့်သည်။

"ကိုယ့်ကိုစိတ်မနာဘူးလားချို"

ချိုကနားမလည်သလိုမျိုး ​အောင်ခန့်​ကျော်ဘက်ကိုလှည့်​ကြည့်၏။

"ဘာကိုလဲအစ်ကို"

"အမှန်ပြောရရင်ကိုယ်က ကလေးမသူငယ်ချင်းနဲ့လည်း အတိတ်မှာမကင်းခဲ့ဘူးလေ....ပြီးတော့ဖွင့်ပြောခဲ့မိသလို ကိုယ့်စကားတွေကလည်းဘောင်တွေကျော်ခဲ့ဖူးတယ်...အဲဒါကလေးမစိတ်ထဲကိုယ့်ကိုစိတ်မခုနေဘူးလား"

ရမ္မက်နွံထဲဝယ်Where stories live. Discover now