အပိုင်း(၁၅)Unicode

368 19 0
                                    

"စားကောင်းလားဟဲ့"

ယနေ့ချိုက သူ့ကိုကျောက်ကျောကျိုကျွေးမည်ဟုပြောထားတာကြောင့် ချို့အိမ်လာပြီးချမ်းမြှေ့တစ်ယောက်ကျောက်ကျောလာစားနေခြင်းပင်။

"မကောင်းဘူး"

"မကောင်းလို့သာနော်...ကျောက်ကျောတစ်ဗန်းလုံးနင့်ပါးစပ်ကြီးပဲ"

ချို့စကားကိုချမ်းမြှေ့ကသွားအဖြဲသားဖြင့်ရယ်ပြလာသည်။

"ဒါကတော့ဟယ်နင်ကတကူးတကလုပ်ကျွေးတာဆိုတော့ ငါကနင်စိတ်ချမ်းသာအောင်မစားချင်ပေမယ့်လည်းစားပေးနေရတာပေါ့"

ပြောလည်းပြောချမ်းမြှေ့ကကျောက်ကျောတစ်တုံးကိုပါးစပ်ထဲကောက်ထည့်ပစ်လိုက်သည်။ချိုကတော့'ဖြစ်မှဖြစ်ရတယ်'ဆိုတဲ့မျက်နှာဘေးမျိုးဖြင့် မျက်စောင်းလှည့်ထိုးလာသည်။

"ချို...ငါ့ကိုကျောက်ကျောဖယ်ပေးထားတယ်မို့လား"

"အေးနင့်အတွက်တစ်ဗူးသက်သက် အသန့်အရင်ဦးဦးဖျားဖျားဖယ်ပေးထားတယ်"

နင့်အတွက်ဟုသာသုံးသော်လည်းတကယ်တမ်းမှာထိုကျောက်ကျောဗူးလေးက ဝေယံအတွက်မှန်းချိုသိပါသည်။ဒါကလည်းချမ်းမြှေ့ရဲ့အကျင့်ပင်။သူမဘာလုပ်ကျွေးကျွေးအမြဲဝေယံအတွက်အရင် တစ်ဗူးဖယ်ခိုင်းထားတတ်သလို ဝေယံကလည်းဘယ်နေရာရာရောက်ရောက် စားကောင်းတာလေးတွေ၊လှတဲ့ပစ္စည်းလေးတွေမြင်ရင် အမြဲချမ်းမြှေ့အတွက်ဆိုပြီး ဝယ်,ဝယ်လာပေးတတ်သည်။ဒီလောက်တစ်ယောက်အပေါ်တစ်ယောက်ချစ်ပါလျက် မချစ်သလိုဟန်ဆောင်ကောင်းနေကြတဲ့နှစ်ယောက်ကိုလည်း ကြားထဲကနေသာသူမခေါင်းတွေချည်းပိတ်ခေါက်ပစ်လိုက်ချင်မိပါသည်။

"နင်တို့တွေရည်းစားဖြစ်သွားကြပြီလားချမ်းမြှေ့"

"ဟင့်အင်း...ဝေယံကိုငါကဒီလောက်လမ်းဖောက်ပေးနေတာတောင် သူကဘာမှမတုန့်ပြန်လာတော့တာ ငါ့ကိုသူတကယ်ပဲ မချစ်တော့တာများလား"

"ငါနင့်ကိုပိတ်ထုပစ်လိုက်ရင်ငါ့အလွန်ဖြစ်သွားမှာလား"

ချိုကလက်သီးကို ခပ်တင်းတင်းဆုပ်လို့ ချမ်းမြှေ့ခေါင်းကိုထုရန်ပြင်သည်။

ရမ္မက်နွံထဲဝယ်Where stories live. Discover now