အပိုင်း(၇)Unicode

457 23 2
                                    

"ချမ်းမြှေ့"

"ဘာလာလုပ်တာလဲချို"

သူ့တိုက်ခန်းအတွင်းဝင်လာတဲ့ချိုက လက်ထဲမှာလည်းအထုပ်ကြီး နှစ်ထုပ်ကိုဆွဲလို့။

"ဘယ်လိုဖြစ်နေတာလဲချမ်းမြှေ့....နင့်တိုက်ခန်းကလဲ အမှိုက်ပုံကြီးကျလို့ဟယ်...အခန်းသန့်ရှင်းရေးတွေဘာတွေနင်မလုပ်ဘူးလား"

ချိုကပြောလည်းပြော လက်ကအထုပ်ကြီးနှစ်ထုပ်အား စားပွဲပေါ်တင်လို့ ကြမ်းပြင်ထက် ဖြစ်ချင်သလိုဖြစ်ကာ ရှုပ်ပွနေသည့်အဝတ်တို့အား ခြင်းထဲကောက်ထည့်လေသည်။

"ငါပင်ပန်းလို့ပါဟာ"

ချမ်း​မြှေ့စကားသံတို့ကတိုးညှင်းကာ အားငယ်နေသလို။ချိုလှည့်ကြည့်လိုက်တော့ မျက်ရည်စတို့က မျက်ဝန်းအိမ်ထဲရစ်သီလို့နေသည်။

ချိုလည်းချမ်းမြှေ့ဘေးဝင်ထိုင်ရင်း သူငယ်ချင်းဖြစ်သူအားရင်ခွင်ထဲထည့်လို့ နှိမ့်သိမ့်ပေးသည့်အခါ ချမ်းမြှေ့က အသက်ရှုရပ်တန့်မတတ်ငိုရှိုက်လာသည်။ရှိုက်သံတို့တစ်စတစ်စကျယ်လောင်လာကာ ချိုလည်းသူငယ်ချင်းဖြစ်သူ၏ကျောပြင်လေးအား ခပ်ဖွဖွလေးပုတ်ပေးလို့ နှိမ့်သိမ့်ပေးမိသည်။

"ပူတယ်...သိပ်ကိုပူလောင်ရတယ်...ငါ့ရင်တွေထဲသိပ်ကိုပူလောင်နေတယ်ချို...အဲ့အချစ်ဆိုတာကြီးကို ငါတော်တော်ကြောက်သွားပြီ"

ရင်ခွင်ထဲကအသံလေးသည် တုန်ရီကာကွဲအက်နေသည်။ဘဝပေးအခြေအနေတွေကြောင့် သန်မာချင်ယောင်ဆောင်ထားသော်လည်း သူတို့ဟာလူတွေထဲကလူတစ်ယောက်ပေမို့ ခံစားကာ ငိုကြွေးတတ်ပါသည်။

"နင်ဝေယံကိုဖွင့်မပြောဘူးလားချမ်းမြှေ့....နင်လဲသူ့ကိုချစ်နေတာပဲလေ...ဘာတွေကိုစောင့်နေတာလဲချမ်းမြှေ့...နင်လည်းလူပါပဲ....နင်ချစ်တဲ့လူကိုချစ်တယ်လို့ရဲရဲဝင့်ဝင့်​ပြောပိုင်ခွင့်ရှိတယ်"

သူမဆိုတော့ ချမ်းမြှေ့ကရင်ခွင်ထဲကနေထွက်လို့

"ဒါဆိုနင်ကရောချို...နင်လဲ မိန်းကလေးတစ်ယောက်ပဲလေ....နင်အားနည်းလို့ရတယ်....နင်မှီခိုလို့ရတယ်...နင်ငိုကြွေးလို့ရတယ်....ငါ့ကို​တော့ပြော​ပြီး နင်ကရောဘာကြောင့်များသန်မာချင်ယောင်ဆောင်နေရတာလဲချို"

ချမ်းမြှေ့စကားကိုချိုကဘာပြန်ပြောရမှန်းမသိစွာ နှုတ်ပိတ်နေမိသည်။သူတို့သူငယ်ချင်းနှစ်​ယောက်မှာတတ်မြောက်ခဲ့တဲ့အတတ်ပညာဆိုလို့ ဟန်ဆောင်ခြင်းအတတ်ပညာတို့ပဲ ဖြစ်မယ်ထင်ပါတယ်။

ဒဏ်ရာကိုယ်စီနဲ့လူငယ်တွေ။ဒါပေမယ့်ပြုံးထားကြတယ်။ပျော်ရွှင်နေလို့တော့မဟုတ်ခဲ့ဘူး။နာကျင်မှုတရားကိုအံတုလို့ အသက်မပါတဲ့ ဟန်ဆောင်ခြင်းတရားတို့ရဲ့ အပြုံးတုတို့အား ဟန်ပါပါချိတ်ဆွဲထားခဲ့ကြလေသည်။

"ငါထပ်မချစ်ရဲတော့တာချမ်းမြှေ့....တစ်ခါနာကျင်မှုက ငါ့ကိုတော်တော်ကြောက်ရွံ့သွား​စေတာ....နင်ကမှတော်ပါသေးတယ်ချမ်း​မြှေ့ရယ်...နင်ချစ်တဲ့လူက နင့်ကိုချစ်ပါသေးတယ်...နင်သာလက်ခံဖို့ သတ္တိမရှိခဲ့တာ"

ချိုဆိုတာလည်း အချစ်နဲ့ပတ်သက်လို့ ဒဏ်ရာဒဏ်ချက်တွေ တနင့်တပိုးသယ်ဆောင်ထားရတဲ့မိန်းကလေး။အဆင့်အတန်းမတူတဲ့သူကိုမှ ချစ်မိခဲ့တဲ့သူမက မည်မျှပင်သူမအချစ်တို့စစ်မှန်ကာမူ သူမ၏မသန့်ရှင်းသောအလုပ်တို့​ကြောင့် သူမ၏စစ်မှန်တဲ့ချစ်ခြင်းတရားတို့စျေးပေါခဲ့ရသည်။စော်ကားခံခဲ့ရသည်။ချစ်ရသူနှုတ်က ကိုယ်တိုင်ထွက်ကျလာတဲ့ စော်ကားတဲ့စကားလုံးတွေအောက် သူမသတ်သေပစ်ချင်မိသည်အထိပြိုလဲခဲ့ရသည်။

အချစ်ဆိုတာ လူကိုပါသေစေနိုင်လောက်တဲ့အထိ နာကျင်မှုမျိုးပေးစွမ်းပါလားဆိုတဲ့ သင်ခန်းစာမျိုးသူမရခဲ့သည်။ထိုလူကိုလည်း သူမယနေ့ထိတိုင်ချစ်နေပါသေးသည်။သို့သော် ဘယ်တော့မှထိုလူရှိရာရပ်ဝန်းတိုင်းကို သူမခြေမချတော့ပါ။နောက်တစ်ကြိမ်ထပ်ပြီးသူမ၏ချစ်ခြင်းတို့အားစျေးပေါခွင့်မပေးနိုင်တော့ပါ။တစ်ကြိမ်နာကျင်မှုက တစ်သက်လုံးအမှတ်ရနေခဲ့ပြီဖြစ်သည်။

"နင်ဝေယံကိုချစ်တယ်လို့ပြောဖို့တွန့်ဆုတ်မနေနဲ့ချမ်း​မြှေ့....ဟိုကအခြားတစ်​ယောက်အပေါ်စိတ်ယိုင်သွားမှ နင်ခံစားနေရလိမ့်မယ်....အဲ့တော့မှဝေးရင်တစ်သက်လုံးဝေးမှာနော်ချမ်း​မြှေ့"

"တစ်ခါတလေကြ ပြောတော့တာလွယ်တာချို....လက်တွေ့မှာရင်ဆိုင်ဖို့ ငါသတ္တိမရှိခဲ့ဘူး"

"သွားသွား...ရေမိုးသွားချိုး...ပြီးရင်ဝေယံဆီသွားပြီးဖွင့်ပြောလိုက်တော့...ငါကတော့နင်ရဲ့အမှိုက်ပုံကြီးကိုသန့်ရှင်းရေးလုပ်ပေးရအုန်းမယ်"

ချို့အပြောကို ချမ်းမြှေ့က သဘောတကျရယ်ရင်း ရေချိုခန်းထဲဝင်သွားလေသည်။

ငါသတ္တိရှိရှိမင်းဆီလာခဲ့တော့မယ်ဝေယံ...။

☁☁☁☁☁

ရမ္မက်နွံထဲဝယ်Where stories live. Discover now