အပိုင်း(၁၁)Unicode

627 20 5
                                    

"နင်တော်သင့်ပြီချမ်းမြှေ့....အဲ့လိုတွေကြပ်ကြပ်လုပ်နေ...စောစောသေနေမယ်သိရဲ့လား"

ချိုကချမ်းမြှေ့သောက်နေတဲ့အရက်ပုလင်းကိုဆွဲလုသည်။ထိုအခါချမ်းမြှေ့က သူ့အိတ်ကပ်ထဲကဆေးလိပ်ဘူးအားထပ်ထုတ်လာသည်။

"စောစောသေတော့လည်းမကောင်းဘူးလားချိုရယ်"

ပြောလည်းပြော ချမ်းမြှေ့ကသူ့မူပိုင်မဲ့ပြုံးလေးကိုပြုံးလာသေးသည်။

"သန်မာတာနဲ့မိုက်ရူးရဲဆန်တာမတူဘူးဟဲ့မတူဘူး...ငါတို့ရဲ့မိုက်ရူးရဲဆန်မှုတွေကြောင့် ဒီထပ်ပိုပြီး ဟိုးအောက်ဆုံးထိကို မနစ်မွန်းချင်တော့ဘူးချမ်းမြှေ့....နင်အဲ့လောက်ထိမိုက်ရူးရဲဆန်မနေစမ်းပါနဲ့ဟာ"

ကဗျာဆန်လွန်းလှတဲ့ 'အချစ်'ဆိုတဲ့စကားလုံးလေးက မာယာလည်းများတတ်သလို ပရိယာယ်လည်းများတတ်သေးသည့်ထောင်ချောက်လှလှလေးနဲ့ဆင်တူသည်။သကြားထင်ပြီးထည့်လိုက်မိတဲ့ဆားတစ်ဇွန်းဟာ အချစ်ဆိုတဲ့စကားလုံးလေးအတိုင်းပါပဲ။ချိုမယ်ထင်ခဲ့ပေမယ့်လက်တွေ့မှာ အချစ်ကသကြားထက် ဆားတွေဖြစ်သွားတတ်သည်။ငန်လွန်းလှတဲ့ထိုအရသာကို ကြိတ်မှိတ်လို့ မြိုချလိုက်ရတာဟာလည်း ကိုယ့်ကိုနာကျင်စေတဲ့လူကိုမှ ကြိတ်ချစ်နေရသလိုမျိုးပေါ့။'ငါကြတော့သကြားနဲ့ဆားကိုမှားထည့်မိတဲ့လူမဟုတ်ဘူးဝေယံ...အစထဲကဆားကိုထည့်မိတဲ့ငါက ငန်မယ်မှန်းသိပါလျက် အချစ်ဆိုတဲ့ပရိယာယ်မာယာနွံလေးထဲ နစ်သထက်နစ်လို့နေတဲ့အချစ်ရူးလေးတစ်​ယောက်ပေါ့'

"အခုရောနင်ကဘာလို့အရက်သောက်နေရပြန်တာလဲ...ဒီရက်ပိုင်းတွေနင်သောက်နေတာ ရက်ဆက်ပဲနော်ချမ်းမြှေ့"

"ဝေယံကငါ့ကိုမချစ်တော့ဘူးဟ...သူငါ့အပေါ်ကိုတကယ်​ကြီးမချစ်တော့ဘူး"

ခပ်တိုးတိုးထွက်လာသော အသံတို့ကဆေးလိပ်ငွေ့တို့ကြားကပင်။ဇက်ပြုတ်ကျမတတ်မူးနေတဲ့ချမ်းမြှေ့လက်ထဲမှ ဆေးလိပ်အားဆွဲလုလို့ ပြာခွက်ထဲဖိချကာ ငြှိမ်းသတ်လိုက်သည်။

"ဘာလုပ်တာလဲချိုရာ...ပြန်ပေးစမ်းပါ"

"နင်အခုလိုတွေဆက်ပြီး မိုက်ရူးရဲဆန်နေလိုက် ငါပါနင့်ကိုစိတ်ပျက်မိတော့မယ်ချမ်းမြှေ့"

ရမ္မက်နွံထဲဝယ်Where stories live. Discover now