အပိုင်း (၃၉၁)
ကောင်မလေးက သဝန်တိုနေတယ်
သူ့ကိုနမ်းတယ်....
နန်းပေါင်ရီမျက်နှာက စကားလုံးတွေ အပြည့်အသိပ် ဖြစ်သွားရတော့သည်။
လျိုကျန်းရှင်း၏ ပုံစံက ပေါ့ပျက်ပျက်နှင့်၊ သူနမ်းဖူးသော ယောက်ျားများကို တန်းစီလိုက်ရင် ချင်ဖူလမ်း အဆုံးထိ ရှိလိမ့်မယ်။
သူမက နန်းချန်းလီကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး "သူက ဝင့်ဝါပြီး ပကာသနာကို မက်တာ၊ ကောင်းတဲ့ မိန်းကလေး မဟုတ်ဘူး၊ အစ်ကို ၄၊ အစ်ကိုက နောက်ဆိုရင် သူနဲ့ဝေးဝေး နေသင့်တယ်၊ အစ်ကို့ကို သူက ရောင်းစားသွားမှာတောင် ကြောက်ရတယ်"
နန်းချန်ရှူးသည် လက်တို့အား ဝတ်စုံလက်ထဲမှာ ထည့်ထားပြီး မကျေမနပ် ဖြစ်နေသော ကလေးလေး တစ်ယောက်လို သူက နူးညံ့စွာဖြင့် ပြောလာသည်။
"အိုး...."
နန်းပေါင်ရီက သူ့ကို ရထားလုံးထဲ ခေါ်သွားရန် ယွင်ပေါင်ကို ပြောလိုက်သည်။ သူမက ပျားပန်းခတ်မျှ လှုပ်ရှားနေသော စားသောက်ဆိုင်ကို နောက်လှည့်ကြည့် လိုက်သည်။
ကိုကိုကြီးနှင့် အစ်ကို ၄ ကို ရှန်ကျင်းက မိန်းမကောင်းလေးများနှင့့်် ချိတ်ဆက်ပေးရန် အတွက် သူမ ကျင်းကွမ်မှာတုန်းက တွေးခဲ့ဖူးသည်။
သို့ပေတည့် လျိုကျန်းရှင်းတော့ လုံးဝ မဟုတ်ပါချေ။
ဒီနေ့ သူတို့ အစ်ကို ၄ ကို အပြစ်ပြုခဲ့သည်။ သူမက ဒီနေရာကို များမကြာမီမှာ ပြန်လာရှာဦးမည် ဖြစ်သည်။
အစ်ကို ၄ က နေ့လယ်စာကို မောင်နှမစုံညီနှင့် ဆင်နွှဲရန် စီစဉ်ထားတာကြောင့် ရထားလုံးနှင့် ကျန်းရှီလန် အိမ်တော်ကိုပြန်၍ နန်းပေါင်ကျူးကို သွားခေါ်ကြသည်။
ကံမကောင်းစွာ နန်းကျင်းနှင့် နန်းချွန်းကလည်း ရထားလုံးဖြင့် လိုက်ပါလာကြလေသည်။
နန်းကျင်းက ပြုံး၍ "လမ်းမက စားသောက်ဆိုင်မှာ သွားစားကြမလို့လား... တိုက်ဆိုင်လိုက်တာ၊ မမတို့ ညီအစ်မကလည်း လမ်းမကြီးက ဆိုင်မှာ သွားစားကြမလို့၊ စားပြီးရင် မျက်နှာချေမှုန့်နဲ့ လက်ဝတ်လက်စား တွေလည်း သွားကြည့်ကြရင် မကောင်းဘူးလား"