Part 427

310 52 1
                                    


အပိုင်း (၄၂၇)

ရှောင်းယီနဲ့ နန်းကျောင်းကျောင်း၏ ငယ်ဘဝ (၁)

ထိုစဉ်က သူဟာ နန်းအိမ်တော်က လူများကို အလွန် ဆန့်ကျင်တတ်ခဲ့သည်။

သူက ဒေါ်လေး ၃ ၏ လက်ကို ရှောင်လိုက်ပြီး စာအုပ်ကို စကားတစ်ခွန်းမှ မပြောဘဲ ကောက်ကိုင် လိုက်လေသည်။

ဒေါ်လေး ၃ က သူ့ရှေ့မှာ ဒူးထောက် လိုက်ကာ ပြုံးရင်း စာအုပ်ထဲက စကားလုံးများကို လက်ညှိုးထိုး ပြကာ "ဒီစာကြောင်းမှာ ပြောထားတာက 'မနက်ခင်းပိုင်းမှာ တောက်ဓမ္မာကို ကြားပြီး ညနေပိုင်းမှာ သေရင်ဖြစ်တယ်တဲ့"

"ဆိုလိုတာက မနက်ခင်းပိုင်းမှာ အမှန်တရားကို နားလည်လိုက်ရင် ညဘက်မှာ သေသွားရင်တောင် နောင်တရစရာ ဘာမှမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ကို နားလည်တယ်"

သူက ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ကြည့်လိုက်ပြီး "ကျွန်တော့်ကို သင်ပြဖို့ မလိုဘူး၊ ကျွန်တော် နားလည်တယ်"

လှပပြီး ကြင်နာတတ်သော အမျိုးသမီးက ကျယ်လောင်စွာ အော်ရယ် လေတော့သည်။

သူမက သူ့ခေါင်းလေးကို ထိကိုင်လိုက်ပြီး "ဒါက မူရင်းနဲ့ တိတိကျကျ တူတဲ့အဓိပ္ပါယ်ပဲ၊ တကယ်တော့ အဓိပ္ပါယ်က ငါတို့ဟာ အမှန်တရားကို နားလည် သဘောပေါက်ပြီး လေ့ကျင့်မယ်ဆိုရင် နောင်တမရဘဲ သေနိုင်တယ်လို့ပြောတာ၊ ဥပမာအနေနဲ့ ဆိုရင် နိုင်ငံတစ်နိုင်ငံမှာ ယုံကြည်ရတဲ့ အမြင့်ပိုင်း အရာရှိတွေ ရှိမယ်ဆိုရင် သူတို့ရဲ့ ဦးဆောင်မှုနဲ့ သွေးချွေးများက နိုင်ငံတစ်ခုကို အသက်ဝင်စေနိုင်သလို သေလည်း သေစေနိုင်တယ်၊ ဒါက 'မနက်ခင်းမှာ တောက်ဓမ္မကိုကြားပြီး ညခင်းမှာ သေသွားနိုင်တယ်' ဆိုတာ၏ အဓိပ္ပါယ်ပဲ"

အဓိပ္ပါယ်က အဲ့လိုတဲ့လား ...

သူက ခေါင်းကိုမော့၍ အမျိုးသမီးကို မိန်းမော တွေဝေစွာ စိုက်ကြည့် နေမိသည်။ သူ၏ နှုတ်ခမ်းပါးများ လျင်မြန်စွာ ကွေးညွတ်သွားပြီး မရောက်သေးသော စာမျက်နှာတစ်ခုကို လှန်လိုက်ကာ "နားလည်တယ်ဆိုရင် ကျွန်တော့်ကို ပြောပြပါ၊ ဒီစာကြောင်းကို ဘယ်လို ဖတ်ရလဲ ပြီးတော့ အဓိပ္ပါယ်က ဘာလဲဟင် ... "

အာဃာတပြန်တမ်း (၃)Where stories live. Discover now